အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 95,063 လွန်ခဲ့သော ၅ နှစ် က

ကာကွယ်နှိမ်နင်းနည်းများ ၁။ ခံနိုင်ရည်ရှိမျိုးများ ပြောင်းလဲစိုက်ပျိုးပါ။ ယာယီအားဖြင့် မြန်မာနိုင်ငံတွင်ရနိုင်သော CIP-24, Kufrijyoti နှင့် စပ်မျိုးစေ့များ အသုံးပြုပါ။ ၂။ မှိုသတ်ဆေးကို အာလူးစိုက်ပြီး မိုးဖြိုင်ဖြိုင်စရွာသည့်ကာလတွင် (မိုးမရွာသည့်မနက်ပိုင်း၌ အချိန်လု၍) စတင် ပက်ဖျန်းပါ။ မိုးအုံ့မှိုင်းခြင်း၊ မိုးဆက်တိုက်ရွာခြင်းများ ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေပါက မိုးအခြေအနေကို ကြည့်၍ ၅ ရက်ခြားထပ်ဖျန်းပါ။ နေပူသည့်နေ့များဆက်တိုက်ဖြစ်ပေါ်နေပါက ဆေးဖျန်းရက်ကို သင့်တော်သလို ခြားနိုင်ပါသည်။ Meltalaxyl + mancozed (ဥပမာ- Fortazeb) ၊ chlorothalonil (ဥပမာ- ဘန်ကိုနေး၊ ဖော်နေးလ်)၊ mancozeb (ဥပမာ- ဒိုင်သိမ်း၊ အဂရိုဇက်၊ အင်ဒိုဖေးလ်)၊ iprovalicarp + propineb (ဥပမာ- အင်ဗင်တို)၊ ကော့ပါးအခြေခံမှိုသတ်ဆေးများ (ဥပမာ- ကိုဆိုက်၊ ဘော်ဒိုထုံး + ဒုတ္တာဖျော်ရည်) တို့ကို ဆေးထုပ်ပါ အညွှန်းအတိုင်းသုံးပါ။ ၃။ မတ် - ဧပြီလတွင်စိုက်သည့် ကုန်းအားလူးသည် နောက်ပိုင်းကာလအနည်းငယ်သာ ရောဂါကျတတ်ပြီး ဧပြီ-မေတွင်စိုက်သည့် မိုးအာလူးသည် စိုက်ချိန်အလယ်ပိုင်းခန့်တွင် ရောဂါကျတတ်ပါသည်။ ဩဂုတ်လစိုက် အာလူး တွင်မူ အပင်ပေါက်ကတည်းက မိုးများသဖြင့် ရောဂါစကျနိုင်ပြီး ဆေးကြိုတင်ပက်ဖျန်းရန် လိုအပ်ပါသည်။ မည်သည့် အချိန်တွင် စိုက်သည်ဖြစ်စေကာမူ မိုးစွေသော ကာလများရှိလာပါက ဆေးဖျန်းသင့်ပါသည်။ ရောဂါ မြင်ရမှ ဆေးစဖျန်းလျှင် နိုင်ရန်မလွယ်ပါ။ (စိုက်ပျိုးရေးဦးစီးဌာန)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။