အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၅ နှစ် က · မင်းဘူး

နွားတွေမှာအဝိုင်းလေးတွေအနာဖြစ်နေပါတယ် ဘာဖြစ်တာလည်သိချင်လို့ပါ

ကျန်းမာရေး နွား
1

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 95,063 လွန်ခဲ့သော ၅ နှစ် က

၅။ နန်းလုံးကြိုင်ပင် တစ်ခါတစ်ရံ နွားများ၏အရေပြားပေါ်တွင် အကွင်းလိုက်ကွာကျပြီး အမွှေးမပေါက်ဘဲ ပြောင်ချောချောနှင့် ဝဲနာ၊ နူနာများဖြစ်တတ်ပါသည်။ ၎င်းရောဂါအတွက် ဂုံမင်းအသီး(၂၅) ကျပ်သားနှင့် နန်းလုံးကြိုင်အသီး (၅၀)ကျပ်သားတို့ကို မြေအိုးသန့်သန့်တွင်ထည့်၍ အဖုံးလုံအောင်ပိတ်ပြီး (ရွံစေးဖြင့်မံပါ) ဖွဲမီးဖြင့်ကျွမ်းလောင်အောင်ဖုတ်ပါ။ ရရှိသောပြာမှုန့်ကို အုန်းဆီစစ်နှင့် မပျစ်မကျဲရောစပ်ကာ ရောဂါဖြစ်ဖြစ်နေသည့် နေရာကို လူးပေး၊ လိမ်းပေးပါ။ အဖတ်များ၊ အလွာလိုက်ကွာကျပြီး အသားကောင်းများပြန်တက်ကာ အမွှေးများပြန်ပေါက်လာပါသည်။ အနာကိုဆေးမလူးမီ နှီးပြားဖြင့်ခြစ်ထုတ်၍ တမာရွက်ခေါက်ပြုတ်ရည်နှင့် ဆေးကြောပေးပြီး ခြောက်သွေ့အောင်သုတ်ပြီးမှ ဆေးလူးပေးရပါမည်။ မှီငြမ်း - ဦးဝင်းဇော် ( သုံးဆယ် ) ၏ တိရစ္ဆာန်ရိုးရာကုထုံးစာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။ အသုံးဝင်မယ်ထင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။