အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၅ နှစ် က · နွားထိုးကြီး

ငရုတ် စိုက်မဲ့မြေက သဲကြက်နဲနဲစံနေတယ် မြေစီဘာထဲ့ရင်ကောင်မလဲ အကျံပေးကြပါအုံး

အပင်အာဟာရ ငရုတ်သီး ငရုတ်ခင်းမြေပြုပြင်ခြင်း
Post image
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 95,063 လွန်ခဲ့သော ၅ နှစ် က

၂။ မြေပြင်ခြင်း မြေကိုကောင်းစွာညက်နိုင်အောင် ထယ်ထိုးထွန်မွှေ ကို သုံးကြိမ်မှ လေးကြိမ်ထိ ဝင်ပါ။ မြေကျစ်စာခဲများကျန်မနေအောင် ဂရုစိုက်ပါ။ လေဝင်လေထွက်နှင့် ရေသွင်းရေထုတ် ကောင်းမွန်အောင် စိုက်ဘောင် ပြုလုပ်ခြင်းဖြင့်လည်းကောင်း ရေသွင်းရေထုတ် ရန် မြောင်းများကောင်းမွန်စွာ ဖော်ဆောင်ပေးခြင်းဖြင့် လည်းကောင်း ပြုပြင်နိုင်သည်။ သဘာဝမြေဆွေး နှင့် ကောင်းစွာဆွေးမြေ့သည့် တိရစ္ဆာန် အညစ်အကြေးကို တစ်ဧက လျှင် မစိုက်ပျိုးခင် နှစ်ပတ်စော၍ ဆယ့်နှစ်တန်မှ ဆယ့်သုံးတန်ထိ ထည့်သွင်းရမည်။ မြေဆောင်ရောဂါများနှင့် ပုရွက်ဆိတ် များကို ကာကွယ်ရန်အတွက် ထွန်မွေခြင်းနောက်ဆုံးအကြိမ်တွင် ဟက်ဖ်တခ်(Hefaf) ကို တစ်ဧကလျှင် ခြောက်ပိသာမှ ဆယ်ပိသာအထိ ထည့်သွင်းနိုင်သည်။ မြောင်းဖော်ခြင်းနှင့်စိုက် ဘောင်ဖော်ခြင်းကို နှစ်ပေစီခြား၍ ပြုလုပ်နိုင်သည်။ အေဇိုစပိုရီလန် ခြောက်ပိသာနှင့်ဖော့စဖိုဘက်တီးရီးယား ဆတူရောထားသောမြေဆွေး ခြောက်ပိသာကို အသုံးပြုနိုင်သည်။ ရက်လေးဆယ်ကြာ ပျိုးသက်ရှိသောငရုတ်ပင်များကို ရွေ့ပြောင်းစိုက်ပျိုးရာတွင် အမြစ်အုံမကွဲအောင်ဂရုစိုက်ရမည်။ ရေသွင်းရေထုတ်ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်လျှင် တစ်နှစ်ပတ်လုံး ဖြစ်ထွန်းသော သီးနှံဖြစ်သည်။ အာရှနိုင်ငံများတွင် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီတွင် တစ်သီး၊ ဇွန် နှင့် ဇူလိုင် တွင်တစ်သီး၊ စက်တင်ဘာ နှင့်အောက်တိုဘာတွင်တစ်သီး တစ်နှစ်လျှင် သုံးသီး စိုက်ကြသည်။

အတည်ပြုပြီး 95,063 လွန်ခဲ့သော ၅ နှစ် က

ငရုတ်ကို မြေအမျိုးအစား အတော်များများတွင် စိုက်ပျိုးနိုင်ပေမယ့် ရေစီးရေလာကောင်းပြီး မြေသြဇာထက်သန် ပေါကြွယ်ဝနေသော နှုန်းမြေက ငရုတ်စိုက်ပျိုးဖို့ အကောင်းဆုံးဖြစ်သည်။ ရေဝပ်မှုဒဏ်ကို ခံနိုင်ရည်မရှိသော အပင်ဖြစ်သည်။သင့်တော်သော မြေချဉ်ငံဓါတ်မှာ ၅.၅-၆.၅ဖြစ်သည်။ ငရုတ်စိုက်ပျိုးခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်း

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။