အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၅ နှစ် က · ကြို့ပင်ကောက်

ဘဲစားမြက် ဂျပန် မြက် စိုက်နည်းလေးသိချင်ပါတယ်

စိုက်ပျိုးနည်း ဘောစကိုင်း
1

ဖြေကြားချက် ၁ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

အိမ်ခြံဝန်းအတွင်း စနစ်တကျ စိုက်ပျိုး ထိန်းသိမ်းနိုင်တယ်ဆိုရင် ဂျပန်မြက်ကို ပိုသုံးသင့်ပါတယ် (မြက်စိုက်မည့် နေရာ အရိပ်များများ ကျရောက်နေတယ်ဆိုရင်တော့ ဘဲစားမြက် စိုက်သင့်ပါတယ် . ဂျပန်ထက် ဘဲစားက အရိပ်မှာ ပိုဖြစ်ထွန်းနိုင်လို့ပါ) မည့်သည့်မြက် စိုက်ပျိုးရန်ဖြစ်စေ မြေပြင်ကို ညီနေအောင် ပြင်ရပါတယ် ... rolling landscape မြေပြင်အနိမ့်အမြင့် တောင်ကုန်း တောင်ပူစာလေးတွေ ဖန်တီးချင်ရင်လည်း ရပါတယ် ... အရေးအကြီးဆုံးက မြေပြင်ညီအရင်ပြင်ဆင်ရခြင်း အလုပ်ပါ (မြေစီးမြေဖြစ်ပါက မြေပြင်ရ လွယ်စေရန် သဲ+ဖွဲပြာ ရောစပ် ပြုပြင်နိုင်) မြက်မစိုက်မီ မြေပြင်ရာတွင် အိမ်ခြံဝန်း ဧရိယာအပေါ်မူတည်ပြီး Drainage ပိုက်များ မြှုပ်ပေးခြင်း သဲတစ်လွှာခင်းခြင်း (geotextile ခေါ် အဝတ်စကဲ့သို့ ပစ္စည်းများ သုံးခြင်း ရေပိုက်များ မြှုပ်ခြင်းဖြင့် drainage layer များ ထည့်သွင်းတည်ဆောက်ရတာ ရှိပါတယ် - ဥပမာ ဘောလုံးကွင်း အားကစားကွင်း တည်ဆောက်ခြင်းနေရာများသာ) သာမန် home garden အနေနဲ့ ဆို မလိုအပ်ပါ မြက်များ အဟာရ ကျွေးရာတွင် ယူရီးယား ဓါတ်မြေသြဇာ နှင့် ၁၅:၁၅:၁၅ compound fertiliser စသည်များ ကျွေးမွေးပြုစုနိုင်ပါတယ် ... မြေသြဇာကျွေးခြင်းထက် အခြားပေါင်းများ ထွက်လာခြင်း ပုံမှန် နှုတ်ယူဖယ်ရှားပေးရန် / ပုံမှန်မြက်ဖြတ်ပေးခြင်းများ က ပို အရေးကြီးပါတယ် အချပ်လိုက်ကပ် စိုက်ရတွက် မြက်ကပ်ပြီး Roller ဖြင့်လှိမ့်ပေးခြင်းဖြင့် မူရင်းမြေနှင့်မြက်အချပ်များ ကပ်သွားစေရပါမယ် (roller မရှိက ဂျမ်းရိုက်ခြင်းလည်း အလွယ်လုပ်နိုင်ပါတယ်) ကိုထွန်းနေအောင်ရဲ့ ဖြေဆိုချက်ဖြစ်ပါတယ်။ နိုဝင်ဘာလမှာစိုက်ပျိုးနိုင်ပြီး မေလတွင်ရိတ်သိမ်းကာ မြက်ပင်အရှည် ၂ ပေလောက်ကနေစတင်ဝယ်ယူတယ်လို့သိရပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။