အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
357
လွန်ခဲ့သော ၅ နှစ် က · ကန့်ဘလူ

အရွှက်တေတွန့်နေလို့ဘာရောဂါလဲဗျ အများကတော့ စုပ်စားပိုးလို့ ပြောကြတယ် ဒီတပတ်မှပဲ စလာတာ ဘာဆေးသုံးရမလဲလမ်းညွှန်ပေး...

အရွှက်တေတွန့်နေလို့ဘာရောဂါလဲဗျ အများကတော့ စုပ်စားပိုးလို့ ပြောကြတယ် ဒီတပတ်မှပဲ စလာတာ ဘာဆေးသုံးရမလဲလမ်းညွှန်ပေးကြပါ

Post image
Post image
Post image
Post image
3

ဖြေကြားချက် ၃ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

ပင်လုံးပြန့် ထိသေအာနိသင်ရှိတဲ့ ဆေးတစ်မျိုးမျိုးကိုဖြန်းနိုင်ပါတယ်။ ကွမ်းပင်ဖြစ်တဲ့အတွက် ပိုးကျရောက်မှုက စီးပွားရေးအရမထိခိုက်သေးဘူးဆိုရင်ဓာတုဆေးကိုမသုံးစေချင်သေးပါဘူး။ သဘာဝဆေးတွေဖြစ်တဲ့ တမာပိုးသတ်ဆေး၊ ဆေးရွက်ကြီးစိမ်ရည်တို့နဲ့နှိမ်နင်းနိုင်ပါတယ်။ အကောင်တွေကိုကင်းထောက်စစ်ဆေးပြီး လက်နဲ့ဖယ်ရှားနှိမ်နင်းတာမျိုးလည်းလုပ်ပါ။

357 လွန်ခဲ့သော ၅ နှစ် က

ဖြန်းရမည့် ဆေးအုပ်စုများညွှန်ပြပေးပါအုံး

270,769 လွန်ခဲ့သော ၅ နှစ် က

စုပ်စားပိုးကျရင်အရွက်တွေတွန့်ပါတယ်။ ပုံပါအရတစ်ချို့အရွက်တွေအောက်ကိုကုတ်တွန့်နေတာဖြစ်တဲ့အတွက်စုပ်စားပိုးလို့ထင်ပါတယ်။ စုပ်စားပိုးအရ ယင်ဖြူ၊ ပျတို့ဖြစ်နိုင်တဲ့အတွက် အခင်းမှာ ပိုးကျရောက်မရောက်စစ်ဆေးပါ။ စုပ်စားပိုးဆိုရင်မပေါ့သင့်ပါဘူး။ အောက်မှာလည်း စုပ်စားပိုးကျတဲ့အခြေအနေများကို လေ့လာပါ။ ယင်ဖြူ WHITE FLY Bemisia tsbaci အရွယ်အစားအားဖြင့်သေးငယ်သည်။ ယင်ဖြူဟု ဆိုသော်လည်း ဖလံဖြူ အသေးစားလေးမျိုးဖြစ်သည်။ အရွက်အောက် မျက်နှာပြင်တွင်နေထိုင်စားသောက်ပေါက်ပွားကြသည်။ အရွက်အောက် မျက်နှာတွင် အကောင်ငယ်၊ အကောင်ကြီးများ စုပြုံနေပြီး ပိုးမျှင်ကလေးများနှင့် ရှုပ်ထွေးနေတတ်သည်။ ယင်ဖြူမ တစ်ကောင်သည် တစ်နှစ်လျှင် (၁၂) ကြိမ် ဥများ အုနိုင်၍ တစ်ကြိမ်အုလျှင် ဥပေါင်း (၁၂၀) ခန့် ထိရှိသည်။ ဥအရောင် အဝါရောင်ရှိ၍ အရွက်အောက် မျက်နှာအတွင်း အုကြသည်။ ဥမှပေါက်သည်နှင့် သစ်ရည်ကို စုပ်စား၍ ကြီးထွားကြသည်။ ဥမှ အကောင်ကြီးဘဝသို့ (၂-၃) ပတ်သာ ကြာသည်။ ပေါက်ပွားမှုကောင်းသည်။ ဖျက်ဆီးပုံ အရွက်အောက် မျက်နှာပြင်တွင် တွယ်ကပ်၍ စုပ်စားကြသောကြောင့် အရွက်များ ကုတ်နေတတ်သည်။ အရွက်ကို လက်နှင့်တောက်ခါ လိုက်ပါက ယင်ဖြူအကောာင်ကြီးများ ပျံထွက်သွားသည်ကို မြင်ရတတ်သည်။ ယင်ဖြူကျရောက်သော အရွက်ကို ပွတ်သပ် ဖျက်ဆီးခြင်းဖြင့် သုတ်သင်နိုင်သည်။ အဓိကမှာ ယင်ဖြူသည် ပျများကဲ့သို့ပင်ရောဂါ သယ်ဆောင်ကြခြင်းပင် ဖြစ်သည်။ မိုးရာသီတွင် ကျရောက်တတ်လေ့ရှိသည်။ ကာကွယ်နှိမ်နင်းပုံ ၁။ ကွမ်းခြံပြင်ပတွင်ပေါင်းမြက်ခြုံများကို ရှင်းလင်းပါ။ ၂။ ပိုးကျရောက်မှု နည်းပါက ပွတ်ချေ၍လည်းကောင်း၊ များပါက ခူးခြွေပစ်၍လည်းကောင်း သုတ်သင်နိုင်သည်။ ၃။ ပိုးသတ်ဆေး သုံးမည်ဆိုက စိမ့်ဝင်ပျံ့နှံ့နိုင်သော ပိုးသတ်ဆေး အမျိုးအစားကို သုံးရမည်။ ၄။ ဆေးဖြန်းပြီး (၂) ပတ်ကြာမှ အရွက်များကို ဆွတ်ခူးပါ။ ပ်ပိုး (APHIDS) Ahids SPP ပျပိုးများမှာ အရွယ်အစား အလွန်သေးငယ်ကြသည်။ အစိမ်း၊ အဝါ၊ အနက်သည်ဖြင့် အရောင်အမျိုးမျိုးရှိသည်။ ပျအကောင်ကြီးများ အချို့အတောင်ရှိ၍ အချို့အတောင်မရှိပါ။ အချို့သော ပျပိုးများသည် မိတ်မလိုက်ဘဲ မျိုးပွားနိုင်သည်။ ဥအုချ၍ လည်းကောင်း၊ အကောင်လိုက်လည်းကောင်း မျိုးပွားနိုင်သည်။ အမတစ်ကောာင်သည် တစ်ကြိမ် အုလျှင်ဥ (၃၀) ခန့် ဥသည်။ ဥဘဝမှ အကောင်ကြီးဘဝသို့ (၂) ပတ်မှ (၃) ပတ်ကြာတတ်သည်။ အကောင်ကြီး ဘဝတွင် (၆) ရက်ခန့် ကြာသည်။ ဖျက်ဆီးပုံ အရွက်အောက် မျက်နှာပြင်တွင် ခိုကပ်၍ အရွက်မှ သစ်ရည်ကို စုပ်ယူူကြသည်။ အကောင်ရေများလာပါက အရွက်များကုတ်၍ ပုံပျက်ပန်းပျက် ဖြစ်လာသည်။ ပေါက်ပွားနှုန်းများလာပါက ကွမ်းပင်အညွန့် ပင်စည်များတွင်ပါ တွယ်ကပ်စုပ်စားတတ်သည်။ ပျကျရောက်သော အရွက်မျာသည် သိသာထင်ရှားသဖြင့် ခူးယူ ဖျက်ဆီးခြင်းဖြင့် ကာကွယ်နိုင်သည်။ ပျကောင်များစုပ်၍ ကွမ်းပင်ထိခိုက်မှုမကြီးကျယ်သော်လည်းရောဂါ သယ်ဆောင်နိုင်သော ပိုးဖြစ်၍ ဂရုတစ်စိုက် နှိမ်နင်းရမည်ဖြစ်သည်။ လေနှင့်အတူ တစ်ပင်မှတစ်ပင်ကို ကူးစက်ပျံ့နှံ့နိုင်သကဲ့သို့ ပုရွက်ဆိတ်များ၏ သယ်ဆောင်မှုကြောင့်လည်း တစ်ပင်မှ တစ်ပင်သို့ ကူးစက်သည်။ ကာကွယ်နှိမ်နင်းပုံ ၁။ ကွမ်းခြံ ဝန်းကျင်ပေါင်းမြက်များကို ရှင်းလင်းပါ။ ၂။ ပျပိုး ကျသော အရွက်များကို ခူးယူ ဖျက်ဆီးပစ်ပါ။ ၃။ ကွမ်းခြံအတွင်း ပုရွက်ဆိတ်များ မရှိစေရန် စီမံပါ။ နွေရာသီတွင် ကွမ်းခြံအတွင်း၌အေးနေသဖြင့် ပုရွက်ဆိတ်များနေထိုင် တတ်ကြသည်။ ပိုးသတ်ဆေး သုံးမည်ဆိုပါက စိမ့်ဝင် ပိုးသတ်ဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်သည်။ ဆေးဖျန်းလျှင် အရွက်အောက်မျက်နှာပြင်ကို ဂရုပြုဖျန်းပါ။ တွယ်ကပ် ပစ္စည်း ထည့်ဖျန်းပါ။ ၅။ ဆေးဖျန်းပြီး (၂) ပတ် ကြာမှ အရွက်များကို ဆွတ်ခူးပါ။ နည်းပညာများကို အစိမ်းရောင်လမ်းရဲ့ "ကွမ်းပင်တွင်ကျရောက်တတ်သောပိုးမွှားများ" ဆောင်းပါးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။