အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
585
လွန်ခဲ့သော ၅ နှစ် က · ဇမ္ဗူသီရိ

သံပုရာ အပင် ၅နှစ်သား​လောက်​တော့ရှိပါပြီ အခုနှစ်ပိုင်းမှ ​ရေ​သေချာ​လောင်းဖြစ်တယ် အပင်​တော့ကြီးပြီး အသီး အပွင့်...

သံပုရာ အပင် ၅နှစ်သား​လောက်​တော့ရှိပါပြီ အခုနှစ်ပိုင်းမှ ​ရေ​သေချာ​လောင်းဖြစ်တယ် အပင်​တော့ကြီးပြီး အသီး အပွင့် မရှိဘူးဖြစ်​​နေတယ် ဘာ​ဆေး ဘာ​မြေသြဇာသုံးရမလဲ ခင်ဗျ

အပင်အာဟာရ သံပုရာ

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၅ နှစ် က

ကိုင်းတွေရှင်းပေးပြီး လေဝင်လေထွက်ကောင်းအောင်လုပ်ပေးပါ။ သံပုရာပင်တွေ အသီးတင်ဖို့ ဘာတွေလုပ်ဖို့လိုလဲ? ဒီဆောင်းပါးလေးကိုလည်း ဖတ်စေချင်ပါတယ်ဗျ။

585 လွန်ခဲ့သော ၅ နှစ် က
585 လွန်ခဲ့သော ၅ နှစ် က
585 လွန်ခဲ့သော ၅ နှစ် က

​​ရေ​တော့ မအိုင်ဘူး ထင်ဗျ ကိုင်း​တော့​နည်းနည်းရှုပ်ပါတယ် ​အခုလို ​ဖြေကြား​ပေးတာ​​ကျေးဇူးတင်ပါတယ် ခင်ဗျ

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၅ နှစ် က

အပင်ပုံလေးပါပြရင်တော့ ပိုကောင်းပါတယ်။ ဖြစ်နိုင်ခြေတွေက အများကြီးရှိပါတယ်။​ ပထမက အဟာရဓာတ်ပါ။ သံပုရာက ဖောစဖောရပ်လိုအပ်ပါတယ်။ တီစူပါ မြေသြဇာလိုမျိုး ကျွေးပေးနိုင်ပါတယ်။ နောက် အပင်ကို ကိုင်းတွေ ရှင်းပေးဖို့ လိုပါလိမ့်မယ်။ ကိုင်းတွေအရမ်းရှုပ်နေရင်လည်း အသီးတင်တာ နည်းတာ၊ မတင်တာတွေ ဖြစ်ပါတယ်။ ကိုင်းသိမ်ကိုင်းညှပ်တွေ၊ ရောဂါဖြစ်နေတဲ့ကိုင်းတွေ၊ သေနေတဲ့ ကိုင်းတွေကို ဖြတ်ပစ်ပါ။ နောက်တစ်ခုက ရေအမြဲအိုင်နေလား စစ်ပေးပါ။ အစိုဓာတ်လိုအပ်တာထက် အများကြီးပိုသွားရင်၊ အမြဲတမ်း ရေအိုင်နေတာမျိုးဖြစ်ရင်လည်း အပွင့်တွေ ကြွေကျတာမျိုးဖြစ်တတ်ပါတယ်။​သံပုရာက ရေကြိုက်ပါတယ်။​ အမြဲအိုင်နေတာတော့ မကြိုက်ပါဘူး။ ဒီအချက်လက်တွေကို တစ်ချက်လောက် ပြန်စစ်ပေးပါဗျ။​

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။