အပင်တွေသေနေလို့ပါ
နှမ်းမှာအဖြစ်များတာက ဖျူစေရီယမ်ပင်ညှိုးရောဂါပါ။ ရောဂါကျရောက်ရင် အရွက်ရဲ့အပြင်ဖက်ကနေစဝါပြီးညှိုးကျလာတတ်ပါတယ်။ ရောဂါပြင်းထန်ရင် အရွက်တွေကြွေပြီး ခြောက်သွားတတ်ပါတယ်။ ရောဂါမပြင်းထန်သေးရင် တစ်ခြမ်းကညှိုးနေတာကိုတွေ့ရတတ်ပါတယ်။ အမြစ်ပုပ်တဲ့လက္ခဏာတွေလည်းဖြစ်ပါတယ်။ လူကြီးမင်းရဲ့အပင်အခြေအနေအရ အပေါ်ကအချက်တွေနဲ့ ကိုက်ကြည့်ပါ။ ညှိုးကျပြီးသေနေတဲ့အပင်တွေကို မီးရှို့ဖျက်ဆီးပစ်ဖို့လိုပါတယ်။ ကာကွယ်နှိမ်နင်းမှုအနေနဲ့ ဒီရောဂါခံနိုင်ရည်ရှိတဲ့ နှမ်းမျိုးကို စိုက်ပါ။ နှမ်းမျိုးစေကို ထရိုင်ဂိုဒါးမား ဒါမှမဟုတ် ကာဘင်ဒါဇင် ဒါမှမဟုတ် သိုင်ရမ် ကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း လူးနယ်စိုက်ပျိုးပါ။ အခြားသီးနှံတွေနဲ့ သီးလှည့်စိုက်ပါ။ နွေရာသီမှာ ထယ်ရေးနက်နက်ထိုးပါ။ တစ်ဧကလျှင် မြေဆွေး (၅) တန်နှုန်း ထည့်ပါ။ တစ်ဧကလျှင် မြေဆွေး (၂၀) ကီလိုဂရမ်ကို ထရိုင်ဂိုဒါးမား (၁၀) ကီလိဂရမ်နှုန်းရောစပ် ကြဲပက်ပါ။ ပင်ညှိုးရောဂါကျရောက်နေပြီဆိုရင် နောက်နှစ်တွေမှာ နှမ်းမဟုတ်တဲ့မျိုးရင်းမတူတဲ့အပင်တွေကိုစိုက်ပျိုးပေးဖို့လိုပါတယ်။
ရိုးမဲရောဂါပါ bro: မှိုသတ်ဆေးသုံးပေးပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နှမ်းရိုးမဲရောဂါကာကွယ်နည်း
ဖြေကြားချက် 2 ခု
နှမ်းရိုးမဲရွက်ချောက်ဖြစ်နေပါတယ်ဘယ်လိုကုစားရမလဲ
ဖြေကြားချက် 3 ခု
နှမ်း ရိုးကြောင်လိုက်တာ အပင်အာဟာရကြောင့်လားဗျ ဘာ လုပ်ရင် ရမလည်းခင်ဗျ
ဖြေကြားချက် 10 ခု
ကျွန်တော် ယာခင်းထဲက နှမ်းပင်တွေ ၃နှစ်လောက်ရှိပါပြီ အပင်ငယ်စဥ်ကတည်းကနေရိတ်သိမ်းချိန်ထိ ဒီလိုတွေဖြစ်နေတာပါ ရိတ်...
ဖြေကြားချက် 1 ခု
နှမ်းပင်းတေ အသီးကုန်လောက်မှာ အပင်းအားလုံးမဲခြောက်သွားတာ ဘာရောဂါပိုးလည်း ဘယ်လိုကာကွယ်လို့ရလည်း သိချင်လို့ပါ
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။