နှမ်းခင်းထဲမှာ ကြက်မောက် စိုင်းနှမ်း မြက် ဝက်ကျွက် အဲ့ဒီပေါင်းပင်ပေါက်နေလို့ ပေါင်းသက်ဆေးသုံးချင်တာ ဘာဆေးတွေ...
နှမ်းခင်းထဲမှာ ကြက်မောက် စိုင်းနှမ်း မြက် ဝက်ကျွက် အဲ့ဒီပေါင်းပင်ပေါက်နေလို့ ပေါင်းသက်ဆေးသုံးချင်တာ ဘာဆေးတွေသုံးရင် ရမလဲခင်ဗျ
နှမ်းခင်းထဲမှာ ကြက်မောက် စိုင်းနှမ်း မြက် ဝက်ကျွက် အဲ့ဒီပေါင်းပင်ပေါက်နေလို့ ပေါင်းသက်ဆေးသုံးချင်တာ ဘာဆေးတွေသုံးရင် ရမလဲခင်ဗျ
ဆေးဆိုင်တွေမှာ မေးဝယ်ကြည့်ပါရှင့်။ ဆေးထုပ်ကမရှိလို့ပါ။
ဟုတ်ကဲ့ အပင်သက်တမ်းက ရက်20 လောက်ရှိပါပြီး
ဆေးနာမည်နဲ့ ဆေးထုပ်ပုံလေး ပြပေးပါလား ခုလို အကြံပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ
ပေါင်းသတ်ဆေးသုံးလိုတယ်ဆိုရင် အဓိကအားဖြင့် မစိုက်မီနှင့် စိုက်ပြီးဆိုပြီး နည်းနှစ်နည်းဖြင့် အသုံးပြုကြသည်။ မစိုက်မီအတွက် ဂလိုက်ဖိုဆိတ်ဆိုသော အပင်အားလုံးသေစေသည့် ပေါင်းသတ်ဆေးကို အသုံးများပြီး စိုက်ပျိုးပြီးချိန်တွင် ကလယ်သိုဒင်ကို ပန်းပွင့်ချိန်မှလွဲ၍ အသုံးပြုသည်။ ကလယ်သိုဒင်သည် မြက်များကိုသာ သတ်သည်။ ပေါင်းသတ် ဆေးများကို စနစ်တကျ အသုံးမပြုပါက သီးတောင့်မတင်ခြင်း၊ တင်သော်လည်း အတောင့်သေး အစေ့နည်း ဖြစ်မည်။ ကိုခွန်ဝမ်ထွဋ် ဆောင်းပါးမှကောက်နုတ်ဖော်ပြလိုက်ပါတယ်။
ပေါင်းသတ်ဆေးသုံးမယ်ဆိုရင်တော့ သီးနှံပင်ရဲ့သက်တမ်းအရ သုံးလို့ရနိုင်လား။ ပေါက်နေတာဘာပေါင်းအမျိုးအစားလဲဆိုတဲ့အချက်တွေပေါ်အဓိကကြည့်ပေးဖို့အကြံပြုချင်ပါတယ်။ ဆေးသုံးချိန် သုံးရမယ့်ပမာဏပေါ်မူတည်ပြီးသုံးပေးမှသာထိရောက်စွာနှိမ်နင်းနိုင်မှာပါ။ အကောင်းဆုံးကတော့ လက်ပေါင်းလိုက်နိုင်တဲ့အနေအထားမျိုးဆိုရင်လိုက်ပေးတာကအကောင်းဆုံးပါပဲ။
ဆက်စပ်မေးခွန်းများ
နှမ်းခင်းထဲမှုံညင်းပေါင်းမြက်ပေါက်နေတယ်ဘာဆေးသုံးရမလဲဆရာ
ဖြေကြားချက် 1 ခု
နှမ်းပင်ကို စပါးပေါက်လှေ့တွေက ဖုန်းတော့မယ် ဘယ်လို လုပ်ရမယ်လည် လမ်းညွှန်ခဲ့ပါနော်
ဖြေကြားချက် 1 ခု
မြေဇာတွေအရမ်များနေလို့ ဘာဆေးနဲ့သတ်ရမလဲ
ဖြေကြားချက် 0 ခု
စက်တင်ဘာနှမ်းစိုက်ဖို့အတွက် ပေါက်နေတဲ့ပေါင်းများကို ဘသာဝပေါင်းသတ်ဆေးနဲ့ဖျန်းပြီးသတ်ချင်ပါတယ်၊ပေါင်းသတ်ဆေးပြု...
ဖြေကြားချက် 1 ခု
စက်တင်ဘာမှာ နှမ်းစိုက်ဖို့အတွက် ပေါင်းမြက်ရှင်းဖို့ လိုနေပါတယ်။ အဲဒါ ဓာတုပေါင်းသတ်ဆေးအစား သဘာဝ ပေါင်းသတ်ဆေး...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။