အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
580
လွန်ခဲ့သော ၅ နှစ် က · ဖယ်ခုံ

ဒီလို ပင်စီစားပိုးတွေဘယ်လိုလုပ်မလဲဗျာ အပင်တွေကုန်ပြီး

ပိုးမွှားရောဂါ မြေပဲ မြေပဲဖိုးလမင်းကျိုင်း
Post image
Post image

ဖြေကြားချက် ၁ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

ဖိုးလမင်းကျိုင်းဖြစ်ပါတယ်။ မြေပဲနှုတ်သိမ်းပြီးသည်နှင့် စိုက်ခင်းကို ထယ်ရေးနက်နက်ထိုးပါ။ ထယ်ရေးနက်နက်ထိုးခြင်းဖြင့် မြေပေါ်သို့ပေါ်လာသော ဖိုးလမင်းများကို ငှက်များ စားသောက်စေရန်နှင့် ပိုးရုပ်ဖုံးများကိုလည်း ပျက်စီးစေရန် ဖြစ်ပါသည် မြေပဲဖိုးလမင်း ဒီဆောင်းပါးမှာဆက်လက်လေ့လာပါ။ မြေပဲ မျိုးစေ့များကို ကလိုပိုင်ရီဖော့၊ အေမီဒါကလိုပစ် စသော ဓာတုဆေးများဖြင့် သတ်မှတ်နှုန်းထား အတိုင်း လူးနယ် စိုက်ပျိုးခြင်းဖြင့် ကာကွယ်နိုင် ပါသည်။ သို့သော် မျိုးစေ့ ဆေးလူးနယ်ခြင်းကို စနစ်တကျ ဂရုစိုက်၍ မလူးနယ်ပါကမြေပဲစေ့အခွံ (seedcoat) ကျွတ်တတ်ခြင်းကြောင့် အပင်ပေါက်ခြင်းကို ထိခိုက်စေနိုင် ပါသည်။ အခြား ပဲမျိုးများနှင့် မတူပါ။ အထူး ဂရုစိုက်ကြပါရန်။ မြေတွင်းအောင်း ပိုးသတ်ဆေးခဲ ကာဘိုဖျူရမ်(၃)ဂျီကို တစ်ဧက သတ်မှတ်နှုန်းထား အတိုင်း ထည့်သွင်း အသုံးပြုနိုင် ပါသည်။ အကုန်ကျ သက်သာပြီး ထိရောက်သော အခြားနည်းလမ်း တခုမှာ မြေပဲကို စိုက်ကြောင်းအတွင်း ချပြီးချိန်တွင် ကလိုပိုင်ရီဖော့ (၄၈%) အီးစီ ဆေးကို ရေလေးဂါလံ ဆေးဖြန်းပုံးတစ်ပုံးလျှင် (၅၀) စီစီနှုန်း ဖျော်စပ်ပြီး မျိုးစေ့များ အပေါ်ဖြန်းပေးပြီး မြေကြီးကို ကြမ်းရိုက်ခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။ (ခ)စိုက်ခင်းတွင် ဖျက်စီးမှု့တွေ့မှ ဆေးဖြန်းခြင်း/ပိုးကျမှ ဆေးဖြန်းခြင်း ကလိုပိုင်ရီဖေါ့/ကာဘရိုင်းစသောပိုးသတ်ဆေးတမျိုးမျိုးကိုသတ်မှတ်နှုံးထားအတိုင်းဖျော်စပ်၍တခင်းလုံးနှံ့စပ်စွာဖြန်းပေးပါ။ညနေစောင်းပိုင်းပိုးသတ်ဆေးဖြန်းခြင်းသည်ပိုမိုထိရောက်ပါသည် မြေပဲတွင် ကျရောက်ဖျက်ဆီးတက်သော ဖျက်ပိုးနှင့် ကာကွယ် နှိမ်နင်းနည်းများ (၁) စာတန်းကိုနှိပ်ပြီးဆက်လက်လေ့လာနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။