အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,268
လွန်ခဲ့သော ၅ နှစ် က · သရက်ချောင်း

ဘာဖြစ်တာလည်းဗျဘာတွေလိုအပ်လည်းအသီးတွေကွဲနေတယ်ထားဝယ်ကပါမိုးများလို့လားအကြံပြုကြပါအုန်းဆရာတို့

အပင်အာဟာရ သရက်
Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၅ နှစ် က

ဟုတ် အသီးကွဲရတဲ့အကြောင်းအရင်းတွေကတော့ ရေငတ်တာ၊ ကယ်လဆီယမ် သို့မဟုတ် ဘိုရွမ်ဓာတ်ချို့တဲ့တာတွေကြောင့်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အပူချိန်၊ စိုထိုင်းဆ နဲ့ မိုးရွာသွန်းမှု လွန်ကဲတာတွေ ကြောင့်ဖြစ်ပါတယ်။ အိန္ဒိယမှာ တွေ့ရှိချက်တစ်ခုက မိုးဖွဲဖွဲလေးရွာပြီး နေချက်ချင်းပွင့်လာတဲ့အခြေအနေမျိုးတွေများလာရင် အသီးကွဲတာတွေ ဖြစ်လာပါတယ်။ အဓိက အပူချိန် ရုတ်တရက် အပြောင်းအလဲကြီးမားလို့ပါ။ ရာသီဥတု အပြောင်းအလဲမှာ လူတွေလိုပဲ အပင်တွေလည်း ဖိအားဒဏ်ခံရပါတယ်။ အဲဒီလိုမျိုး ဖြစ်လာတဲ့အခါမှာ အပြင်ကို လက္ခဏာထွက်လာပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်တဲ့ဟာကိုတော့ ကာကွယ်ဖို့ခက်ပါတယ်။​ အချို့တောင်သူတွေကတော့ အသီးစပြီး အရွယ်ရောက်တဲ့ချိန်မှာ အစိမ်းဈေးနဲ့ ရောင်းကြပါတယ်။ အဟာရကြောင့်ဆိုရင်တော့ မြေသြဇာထည့်ဖို့ လိုအပ်ပါတယ်။ ဘိုရွမ်က မြေချဉ်ရင် အပင်ရဲ့ ရနိုင်စွမ်းနည်းတဲ့အတွက်ကြောင့် မိုးများတဲ့ မြန်မာနိုင်အောက်ပိုင်းမြေကြီးတွေမှာ မြေချဉ်နေနိုင်ပါတယ်။ မြေချဉ်ကိုပြင်ပေးဖို့ လိုသလို ဘိုရွမ်ပါတဲ့ မြေသြဇာလည်း ထည့်ပေးဖို့ လိုပါလိမ့်မယ်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။