အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၅ နှစ် က · ထန်းတပင်

ခရုတွေကိုက်လို့ ဘယ်လိုလုပ်ရလဲ မသိလို့ ရှင်းပြပါဦး

ပိုးမွှားရောဂါ စပါး ရွှေခရု

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 323,963 လွန်ခဲ့သော ၅ နှစ် က

အသေးစိတ်ကို ခရုအန္တရာယ် ဘယ်လိုကာကွယ်မလဲ ဒီခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်ဗျ။

အတည်ပြုပြီး 323,963 လွန်ခဲ့သော ၅ နှစ် က

စပါးပျိုးခင်းလား ကြဲခင်းလားဗျ။ ခရုသတ်ဆေးရှိပေမယ့် စိုက်ခင်းကို သေချာမပြင်ထားရင် ဖျန်းတုန်းခဏပဲ သက်သာမှာပါ။ စိုက်ခင်းကို သေချာလေး ပြင်ဆင်စေချင်ပါတယ်။ ၁။ ကန်သင်းလုံအောင် ပြင်ပါ။ ခရုတွေက ရေစီးကြောင်းနဲ့လာတာမို့ ကန်သင်းတွေက မလုံရင် ဝင်စရာပေါက်တွေ များပါတယ်။ ၂။ ရေဝင်ပေါက်ကို ပိုက်စိပ်နဲ့ စစ်ထားပါတယ်။ ဒါမှ ခရုတွေ ကွင်းထဲ မဝင်နိုင်တော့မှာပါ။ ၃။ စိုက်ခင်းထဲ ဘဲလွတ်ကျောင်းပါ။ ဘဲတွေကို ခရုငယ်တွေကို စားသောက်ပစ်ပါတယ်။ ၄။ စိုက်ခင်းထဲမှာ ဝါးခြမ်းတိုင်လေးတွေ လိုက်စိုက်ထားပါ။ ခရုတွေက ဝါးခြမ်းတိုင်ပေါ်တက်ဥပါတယ်။ သူတို့ဥပြီးတာနဲ့ တိုင်တွေကို ကောက်ယူပြီး မီးရှို့ဖျက်ဆီးပါ။​ ဥတစ်မြုံကနေ ခရုကောင်ရေ ထောင်ချီပြီး ဥပါတယ်။ ဒါကြောင့် တိုင်တစ်ချောင်းကို မီးရှို့လိုက်တာက ဆေးပုလင်းအများကြီး ကုန်တာကို သက်သာစေပါလိမ့်မယ်။ ၅။ မျှားစာလုပ်နိုင်ပါတယ်။ ခရုတွေက သင်္ဘောရွက်၊ ပိလောပီနံရွက်တွေကို ပိုကြိုက်ပါတယ်။​ဒီအရွက်တွေချထားပြီး လာစားတဲ့ ခရုတွေကို လက်နဲ့ကောက်ပစ်ပါ။ ခရုအမိုင်နိုအက်စစ်လုပ်ရင် အပင်အားဆေးတောင် ထပ်ရဦးမှာပါ။ ၆။ ဆေးရွက်ကြီးထည့်ရင် ခရုမလာဘူးလို့ ပြောပေမယ့် ကုန်ကျစရိတ်နဲ့ ထိရောက်မှုနဲ့ မကာနိုင်တဲ့အတွက် သိပ်တော့ အားမပေးချင်ပါဘူး။ ချထားတဲ့နေရာမှာ မရှိဘဲ အာနိသင်မရောက်နေတဲ့ နေရာတွေကို ရှောင်နေနိုင်ပါသေးတယ်။ ပျိုးခင်းဆိုရင်တော့ အားပေးပါတယ်။ ၇။ ဒါတွေကို စုပေါင်းလုပ်ဆောင်နိုင်ရင်တော့ ပိုကောင်းပါတယ်။ မဟုတ်ရင် အခြားခင်းတွေကနေ ကန်သင်ကျော်ပြီးလာတာ၊ အကောင်ငယ်လေးတွေက ရေစီးထဲမျောလာပြီး ကိုယ့်အခင်းထဲ ရောက်လာတာတွေလည်း ဖြစ်နိုင်သေးတယ်။ ၈။ ရွေ့ပြောင်းစိုက်ပါ။ အပင်ကြီးလာရင် ခရုခံကို ပိုပြီး ခံနိုင်လာပါတယ်။ ၉။ ခရုသတ်ဆေးတွေက အခုဆို ကုမ္ပဏီအများစုက ထုတ်နေတာကြောင့် မိမိကြိုက်နှစ်သက်ရာ ကုမ္ပဏီက ဆေးကို ဝယ်ယူသုံးစွဲနိုင်ပါတယ်။ အစပိုင်းမှာတုန်းက ပြောခဲ့သလိုပါပဲ။ စိုက်ခင်းကို သေချာပြင်မထားပဲ ခရုသတ်ဆေးတစ်ခုပဲ အားကိုးနေရင် ထမင်းမစားပဲ အားဆေးပဲ သောက်နေတဲ့လူလိုပဲ ဖြစ်နေမှာပါ။​လုံးလည်ချာလည်လိုက်ပြီး ကိုယ့်ရဲ့ စိုက်ပျိုးစီးပွားရေးလုပ်ငန်းက အရင်းနှီးကြီးပြီး အမြတ်ရတာနည်းသွားပါလိမ့်မယ်။ ဒါကြောင့် အပေါ်က ပြောခဲ့တဲ့ နည်းလမ်းတွေကို ကိုယ်တိုင်စဉ်းစားပြီး လုပ်စေချင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။