အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
184
လွန်ခဲ့သော ၅ နှစ် က · ဘိုကလေး

ဟင်းခက်အချိုမုန်ကို ဘာဆေးတွေအချိုးစားနဲ ရောဆက်ပြိးပြုလုပ်ရမလဲ ကွမ်းအားဆေးဖြစ်သုံးရလား အကျိုးသက်ရောက်မှုက ဘာတွေ...

ဟင်းခက်အချိုမုန်ကို ဘာဆေးတွေအချိုးစားနဲ ရောဆက်ပြိးပြုလုပ်ရမလဲ ကွမ်းအားဆေးဖြစ်သုံးရလား အကျိုးသက်ရောက်မှုက ဘာတွေဖြစ်မလဲအာဏိသင်က

အပင်အာဟာရ ကွမ်း ကွမ်းပင်အာဟာရ

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၅ နှစ် က

ဟုတ်တွေ့ရတာတော့ ဟင်းခတ်အချိုမှုန့် (၈၀) ဂရမ် ကို အချိုရည် M150 နဲ့ စပ်ပြီး နာရီဝက်စိမ်ထားပြီး ၄ ဂါလံ ဆေးဖျန်းပုံး ၂ ပုံးစာ ဖျန်းကြပါတယ်။ အားဆေးအဖြစ်သုံးတယ်လို့ ပြောကြပါတယ်။ ကျွန်တော်လေ့လာကြည့်တော့ Bates college ရဲ့ သုတေသနမှာ အပင်ကြီးထွားမှုကို စမ်းသပ်ရာမှာ ထူးခြားမှုရှိတယ်လို့တော့ ပြောပါတယ်။ အခြားဘက်ကနေ သုံးသပ်ထားတာတော့ မတွေ့ရပါဘူး။ အချိုမှုန့်မှာက အပင်အကျိုးပြုဓာတ်လည်း ပါသလို ဆားလည်းပါတာကြောင့် သုံးသင့်မသုံးသင့်ကို တိုက်တွန်းဖို့ မရဲပါဘူး။ ဖျန်းထားတဲ့ ကွမ်းကို စားသုံးတဲ့သူအတွက် ကျန်းမာရေးအတွက်လည်း သုတေသနလုပ်ထားတာ မရှိသေးပါဘူး။ အဲဒီအစား ငါးအမိုင်နိုအက်စစ်ကိုသာ သုံးစွဲဖို့ အားပေးပါတယ်။ ငါးအမိုင်နိုမှာက အပင်ကြီးထွားဖို့အတွက် လိုအပ်တဲ့ အမိုင်နိုအက်စစ်၊ နိုက်ထရိုဂျင်နဲ့ အခြားအဟာရတွေပါသလို အကျိုးပြုအဏုဇီဝတွေလည်း ပါတာမို့ စိတ်ချလက်ချသုံးနိုင်ပါတယ်။ ငါးအမိုင်နိုအက်ဆစ်ပြုလုပ်နည်း (Fish Amino Acid - FAA)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။