အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၅ နှစ် က · မြန်အောင်

အပင်အမြစ်ခြေရင်းနားကရိပုတ်တာဘာဆေးသုံးရမလည်းလမ်းညွှန်ပေးပါအုံး

ပိုးမွှားရောဂါ စပါး စပါးပင်စည်ပုပ်ရောဂါ
Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၅ နှစ် က

ကာကွယ်နှိမ်နင်းခြင်း. • ဒီရောဂါကို ခံနိုင်ရည်ရှိတဲ့ စပါးမျိုးတွေကို စိုက်ပါ။ ရရှိနိုင်တဲ့ ခေတ်မီစပါးမျိုးတွေအတွက် သက်ဆိုင်ရာ ဒေသဆိုင်ရာ စိုက်ပျိုးရေးဌာနနဲ့ ဆက်သွယ်ပါ။ • စပါရိတ်ပြီးတဲ့အခါ ကျန်ရှိနေတဲ့ကောက်ရိုးနဲ့ ဘယ်သီးနှံအကြွင်းအကျန်မဆို မီးရှို့ပါ။ ဒါမှမဟုတ် ကောက်ရိုးတွေကို ဆွေးမြေ့အောင်လုပ်ပါ။ • မှိုမျှင်စု လျော့နည်းဖို့ စပါးခင်းကရေကို ထုတ်ပေးပါ။ • မြေသြဇာအသုံးပြုမှုကို ချိန်ညှိပါ။ ဒါမှမဟုတ် မြေသြဇာကို ခွဲကျွေးပြီး ပိုတက်ရှ်မြေသြဇာများများသုံးကာ မြေကြီးချဉ်ငန်ဓါတ်မြင့်ဖို့ ထုံးထည့်ပါ။ • အောက်ပါဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။ • ပရိုပီကိုနာလ်ဇိုးလ် (Propiconazole) • ကလိုရိုသာလိုနေးလ် (Chlorothalonil) • သိုင်အိုဖာနိတ်မီသိုင်းလ် (Thiophanate methyl) • ဘီနိုမိုင်း (Benomyl) • ဗလီဒါမိုင်ဆင် (Validamycin) ဒေါက်တာကိုကို (စိုက်ပျိုးရေး) စပါးပင်စည်ပုပ်ရောဂါကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။