ဖြေကြားချက် ၂ ခု
thank bri
ဓာတ်ပုံပြပေးမှ ပိုရှင်းမယ်ထင်တယ်။ အရွက်ထွဋ်တာက အကြောင်းအမျိုးမျိုးရှိနိင်တယ်ဗျ။ ၁။ စုပ်စားပိုးကျလို့ ဖြစ်တာ။ ဒါဆိုရင်တော့ ပိုးသတ်ဆေးကို ညနေခင်းပိုင်းမှာ ဖြန်းပေးနိုင်ပါတယ်။ ဆေးမဖြန်းချင်ရင် အဝါရောင်ကော်ပြားသုံးပါ။ လူမထိဘူး။ စုပ်စားပိုးတွေက အဝါရောင်ကော်ပြားမှာ လာကပ်ပြီး သေသွားလိမ့်မယ် ၂။ ဗိုင်းရပ်ရောဂါဝင်တာ စုပ်စားပိုး၊ ယင်ဖြူတို့ကနေ သယ်လာပြီး အပင်ရောဂါဝင်သွားတာ။ စုပ်စားပိုး ယင်ဖြူကိုပဲထိန်းလို့ ရပြီး ဗိုင်းရပ်အတွက် ဆေးမရှိပါဘူး။ ၃။ ကယ်လဆီယမ် ချို့တဲ့တာကြောင့်လည်း အရွက်တွေ တွန့်ပါတယ်။ အညွှန့်တွေကစပြီး တွန့်တာပါ။ ဒါဆိုရင်တော့ ကယ်လဆီယမ်ပါတဲ့ ရွက်ဖြန်းအားဆေး ထည့်ပေးပါ။ သဘာဝမြေသြဇာများများထည့်ပေးပါဗျ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငရုပ်ပင်ရွက်တွေထွတ်နေလို့လမ်းညွှန်ပေးပါဖျ
ဖြေကြားချက် 4 ခု
အရွက်လေးတွေလိပ်နေလို့ ရွက်လေးတေရိုက်လိုက်တာအကောင်သေးသေးလေတေများကြီပဲ ဘာဆေးသုံးရမလည်း
ဖြေကြားချက် 3 ခု
ကျွန်တော်ငရုတ်ခင်းမှာ အပင်ဝါပြီးအရွက်လိပ်နေလို့ပါခင်ဗျာ ပိုးရောဂါလား၊မိုရောဂါလားခင်ဗျ၊ ဘာဆေးသုံးရမလဲလမ်းညွှန်...
ဖြေကြားချက် 1 ခု
ငရုတ်အရွက်တွေဝါပြီး တွန့်ကုတ်နေတယ် ပိုးလည်းမတွေ့ဘူး မှိုသတ်ဆေး ယူနတီ ဖြန်တာလည်း မထူးခြားဘူး အတွေ့အကြုံ လေးရှိ...
ဖြေကြားချက် 4 ခု
ရေလောင်း ငရုတ်စိုက်ထားဒါဗျာ အရွက်တွေလိပ်ပြီး ဘာဖြစ်တာလဲ ဘာဆေးသုံးရမလည်းဗျာ
ဖြေကြားချက် 1 ခု