အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
174
လွန်ခဲ့သော ၅ နှစ် က · သုံးခွ

သံပုရာအပင်ကအရွက်တွေဝါလာတယ် အဲ့ဒါကဘာကြောင့်ဖြစ်တာလဲမသိဘူး ဘယ်လိုဖြေရှင်းရလဲမသိဘူး ပြီးတော့အရွက်အနုအသစ်ထွက်လာတယ်...

သံပုရာအပင်ကအရွက်တွေဝါလာတယ် အဲ့ဒါကဘာကြောင့်ဖြစ်တာလဲမသိဘူး ဘယ်လိုဖြေရှင်းရလဲမသိဘူး ပြီးတော့အရွက်အနုအသစ်ထွက်လာတယ် သိပ်မကြာဘူးအဲ့ဒီအရွက်နုတွေက လိတ်လာတယ်အဲ့ဒါတွေကဘာကြောင့်ဖြစ်တာလဲဆိုတာသိချင်ပါတယ် ပြီးတော့ဘယ်လိုဖြေရှင်းလိုရလဲဆိုတာကိုလဲ ပြောပြပေးစေချင်ပါတယ် ဆရာ၊ဆရာမများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

ပိုးမွှားရောဂါ သံပုရာ

ဖြေကြားချက် ၂ ခု

174 လွန်ခဲ့သော ၅ နှစ် က

ဟုတ်ကဲ့အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် မနက်ဖြန်ကြရင်စစ်ဆေးကြည့်ပြီးရင်ပြန်အကြောင်းပြန်ပေးပါ့မယ်နော် အဟာရကြောင့်ဆိုရင် ဘာတွေသုံးသင့်သလဲဆိုတာလမ်းညွန်ပေးပါဦးနော် ပြီးတော့ရေကြောင့်ဆိုတာဘာကိုပြောတာလဲဆိုတာကိုအားတဲ့အချိန်လေးမှာရှင်းပြပေးပါနော်

270,769 လွန်ခဲ့သော ၅ နှစ် က

အရွက်အောက်မျက်နှာပြင်မှာ ပိုးတွေရှိလားစစ်ဆေးပေးပါ။ အရွက်ဝါတာက ပိုးကြောင့်၊ အာဟာရကြောင့်၊ ရေကြောင့် တွေဖြစ်နိုင်ပါတယ်။ အခုကအရွက်လည်းလိပ်တယ်ဆိုတော့ အရွက်လိပ်တာက စုပ်စားပိုးကြောင့်အဖြစ်များပါတယ်။ ညနေခင်း၊ မနက်ခင်းလိုအချိန်မျိုးတွေမှာ ပိုးရှိမရှိစစ်ဆေးပေးပါ။ အရမ်းဝါနေတဲ့အရွက်တွေ လိပ်နေတဲ့အရွက်တွေဆိုရင် ခူးပြီး ဝေးဝေးဖယ်ရှားပစ်လိုက်ပါ။ ပိုးကြောင့်ဆိုရင် ဆေးရွက်ကြီးရည်ကိုဖျန်းပေးပါ။ ဆေးရွက်ကြီး (TOBACCO) ပိုးသတ်ဆေးရည် ဆေးရွက်ကြီးဆေးရည်လုပ်နည်းကို စာတန်းကိုနှိပ်ပြီးလေ့လာနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။