မြေသြဇာလုပ်ဖို့အတွက် လိုက်ဖတ်တော့ ကာဗွန်နိုက်ထရိုဂျင် အချိုးက အရေးကြီးတယ်ပြောပါတယ်။ ဘာကြောင့်အရေးကြီးတာလဲ ဘာ...
မြေသြဇာလုပ်ဖို့အတွက် လိုက်ဖတ်တော့ ကာဗွန်နိုက်ထရိုဂျင် အချိုးက အရေးကြီးတယ်ပြောပါတယ်။ ဘာကြောင့်အရေးကြီးတာလဲ ဘာတွေထည့်ရမှာလည်း ပြောပေးပါဗျ။
မြေသြဇာလုပ်ဖို့အတွက် လိုက်ဖတ်တော့ ကာဗွန်နိုက်ထရိုဂျင် အချိုးက အရေးကြီးတယ်ပြောပါတယ်။ ဘာကြောင့်အရေးကြီးတာလဲ ဘာတွေထည့်ရမှာလည်း ပြောပေးပါဗျ။
မြေဆွေးပုံတဲ့အခါမှာ နားလည်ရဖို့လိုတာ မြေဆွေးတဲ့ဖြစ်စဉ်မှာ အဏုဇီဝသက်ရှိတွေရဲ့ အခန်းကဏ္ဍက အခရာကျပါတယ်။ ဒီသက်ရှိလေးတွေက မြေဆွေးတဲ့ဖြစ်စဉ်ကို အစအဆုံး လုပ်ဆောင်ပေးတာပါ။ သက်ရှိဖြစ်တဲ့အတွက် ရှင်သန်ဖို့ အစားအစာလိုပါတယ်။ မြေဆွေးပုံမှာ ထည့်လိုက်တာတွေအားလုံးက သူတို့အတွက် အစားအစာပါ။ ဒီတော့ အစားအစာမှာ သူတို့ရှင်သန်ဖို့အတွက် အမယ်စုံဖို့လိုပါတယ်။၂ ခုပါ။ တစ်ခုက ကာဗွန် သူတို့ရဲ့ အဓိကအစားအစာ (ကျွန်တော်တို့အတွက်ဆို ကာဗွန်ဟိုက်ဒရိတ် ရမယ့် ထမင်း)။ နောက်တစ်ခုက နိုက်ထရိုဂျင် အားအင်အတွက် ပရိုတင်းအတွက် (ကျွန်တော်တို့အတွက်ဆို အသားဟင်းပေါ့)။ ဒီနှစ်ခု အချိုးကျဖို့လိုပါတယ်။ ပညာရှင်တွေစမ်းသပ်မှုအရ အကောင်းဆုံး အသင့်တော်ဆုံး အချိုးက ၃၀:၁ ပါ။ ကာဗွန် ၃၀ ပုံရင် နိုက်ထရိုဂျင် ၁ ပုံလိုအပ်ပါတယ်။ ကာဗွန်အချိုးအရမ်းမြင့်သွားရင် ဆွေးဖို့အချိန်ကြာမယ်။ မြန်အောင်လို့ နိုက်ထရိုဂျင်အချိုးအရမ်းမြှင့်လိုက်ရင်လည်း အနံသက်တွေ မကောင်းတော့ဘဲ ပုပ်လာတာမျိုး ဖြစ်ပါတယ်။ အသေးစိတ်ဖတ်ရန် - မြေဆွေးပုံတစ်ခုအတွက် အရေးပါတဲ့ လျှို့ဝှက်ချက်
ဆက်စပ်မေးခွန်းများ
ကောက်ခြောက်ကြဲထားတဲ့စပါးခင်းမှာပေါင်းသတ်ဆေး၁ကြိမ်သုံးပီး နောက်ထပ်၁ကြိမ်အသုံးပြုဖို့ ဘယ်လောက်ကြာမှသုံးလို့ရပါသ...
ဖြေကြားချက် 2 ခု
ကညွတ်ပင်ကိုဘယ်လိုအဟာရကျွေးပေးရပါလည်းခင်ဗျာအပင်စောစောထွက်အောင်ဘယ်လိုလုပ်ဆောင်ပေးရပါသလည်းဖြေကြားပေးပါ
ဖြေကြားချက် 0 ခု
ကညွတ်..စိုက်ပျိုးခြင်လို့ပါ....ဘယ်လိုမြေ.မှာဘယ်လိုစိုက်ပျိုး...ရမယ်ဆိုတာ...အလင်းပြကြပါအုံးခင်ဗျ
ဖြေကြားချက် 1 ခု
ကညွတ်
ဖြေကြားချက် 1 ခု
ကညွတ်အချောင်းတုတ်အောင် ဒီဆေးနှစ်မျိုးတွဲသုံးကြည့်တယ် သိပ်မထူးသလိုပဲ တခြားဆေးရှိလည်း ညွှန်းကြပါဦးဗျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။