အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
NAWARAT
NAWARAT 116
လွန်ခဲ့သော ၅ နှစ် က · မြိတ်

ဒီဆေးက ဘယ်လိုသုံးရတာလဲဗျာ

တန်ဘိုးမြှင့်ထုတ်ကုန် နှင်းဆီ
Post image

ဖြေကြားချက် ၂ ခု

NAWARAT
NAWARAT 116 လွန်ခဲ့သော ၅ နှစ် က

ဒီဆေး က ရေနဲ့‌ရောစပ် ဖျန်းရတာလား အကို

Thein Soe Min
Thein Soe Min အတည်ပြုပြီး 328,153 လွန်ခဲ့သော ၅ နှစ် က

ရွက်ဖြန်းအားဆေးတွေပါ။ ၃၀-၂၀-၁၀ တို့ ၁၀-၅၂-၁၇တို့ဆိုတာ N-P-K ကို ကိုယ်စားပြုပါတယ်။ ဥပမာ ၃၀-၂၀-၁၀ ဆိုရင် N နိုက်ထရိုဂျင် (အပင်ကြီးထွားစေတဲ့ဓာတ်) က ၃၀ ရာခိုင်နှုန်းပါတယ်။ P ဖော့စဖောရပ် (အပွင့်ဓာတ်) က ၂၀ ရာခိုင်နှုန်းပါပြီး K ပိုတက်ဆီယမ် (ရောဂါကာကွယ်/ အရည်သွေးကောင်းစေ) က ၁၀ ရာခိုင်နှုန်းပါပါတယ်။ ဒီတော့ အပင်ကြီးထွားစေချင်ရင် ဒါမှမဟုတ် အပင်ကြီးထွားရမယ့်အရွယ်မှာ ရှေ့ဂဏန်းကြီးတာကို ဖျန်းပေးပြီး အပွင့်ထွက်ရတော့မယ့်အရွယ်ရောက်လာရင် အလယ်ဂဏန်းကြီးတာကို ဖျန်းပေးဖို့လိုပါတယ်။ သိချင်တာတွေရှိရင်လည်း ထပ်ဆွေးနွေးနိုင်ပါတယ်ဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။