ငှက်ပျောပင်လေးတွေ ဒီလိုဖြစ်နေလို့ပါဘာဆေးသုံးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာသိပါရစေရှင့်။
ဌက်ပျောတော့မကျွမ်းကျင်ပေမဲ့ အပေါ်က ဆရာပြောသလို အဟာရချို့တဲ့တာလည်းဖြစ်နိုင်သလို ရောဂါလည်း ဖြစ်နိုင်ပါတယ် အကြံပြုလိုတာက ကွန်ပေါင်းနဲ့ ပိုတတ် ကို ၃:၁ ရောကျွေးပြီး အပေါ်က နေ difeconozole+propeconozle အရော လေး ကို နူန်း ပုံမှန်လေးနဲ့ုဖန်းလိုက်ရင်တော့ ငှက်ပျော ကရောဂါ အတော်များများတော့ သက်သာစေမှာကာ
ပုံလေးက ရှင်းပြီး ပြတ်သားမယ်ဆိုရင် ပိုကောင်းပါတယ်ဗျ။ ပိုတက်ဆီယမ်ဓာတ်ချို့တဲ့လို့ဖြစ်လာတာလို့ထင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်ချို့တဲ့တာကြောင့် ရောဂါအလွယ်တကူဝင်တာတော့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်ပါတဲ့ မြေသြဇာထည့်ပေးပါ။ စက်ဖွဲပြာလိုမျိုးထည့်တာလည်း ပိုတက်ဆီယမ်ကို ရရှိစေပါတယ်။ နောက်တစ်ချက်က မြေကြီး ချဉ်ငန်ဓာတ်ကြောင့် ပိုတက်ဆီယမ်ချို့တာလည်း ဖြစ်နိုင်ပါတယ်။ အဆင်ပြေမယ်ဆိုရင် မြေကြီးကို စမ်းသပ်ကြည့်စေချင်ပါတယ်။ မြေကြီးချဉ်ငန်ဓာတ်ကိုလည်း ပြင်မယ် ပိုတက်လည်း ထည့်မယ်ဆိုရင်တော့ သဘာဝမြေသြဇာများများထည့်ပေးတာက အကောင်းဆုံးပါ။ နောက်တစ်ခုဖြစ်နိုင်တာက မှိုရောဂါတစ်မျိုးဖြစ်နိုင်ပါတယ်။ ဓာတ်ပုံလည်း အောက်မှာ တင်ပေးထားပါတယ်။ ဒါဆိုရင်တော့ မန်ကိုဇက် သို့မဟုတ် ကလိုရိုသာလိုနေးကို ဆေးဗူးပါအညွှန်းအတိုင်း ဖျန်းပေးပါဗျ။
ဆက်စပ်မေးခွန်းများ
ငှက်ပျောစိုက်ပျိုးရာတွင် စွယ်စုံစိုက်ပျိုးခြင်းနှင့် ပင်တည်းစိုက်ပျိုးခြင်းဟူ နှစ်မျိုးရှိပြီး ပင်တည်းစိုက်...
ဖြေကြားချက် 1 ခု
ငှက်ပျောပင်လေးတွေ သိပ်မဖြစ်လို့ ဘာကျွေးရမလဲဗျ အကြံပြုပါဦး
ဖြေကြားချက် 2 ခု
ငှက်ပျောပင်လေးရောဂါကျနေလို့ပါ။ဘယ်လိုလုပ်ပြီး ဘာဆေးသုံးရမလဲရှင့်။
ဖြေကြားချက် 1 ခု
တစ်ရှူးငှက်ပျောစိုက်ပျိုးရေးနဲ့ဆိုင်တဲ့အသိပညာဗဟုသုတလေးတွေ၊မျိုး/ပျိုးရနိုင်မှုအခြေနေ၊ဈေးကွက်အခြေနေစတာလေးတွေတင်...
ဖြေကြားချက် 2 ခု
တစ်သျှူးငှက်ပျော အရွက်တွေဝါလိုက်လာတာ ဘယ်လိုလုပ်ရမလဲခင်ဗျာ
ဖြေကြားချက် 6 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။