ဖြေကြားချက် ၅ ခု
သီးစုံအမိုင်နိုအက်စစ်(သို.)သစ်သီးစုံအချည်ဖောက်ဖျော်ရေပြုလုပ်နည်းလေးတင်ပြပေးစေလို
ရပါတယ် နူန်းထားတော့ မများစေနဲ့ပေါ့
ခရမ်းချဉ်သီး ဒီလို ရော ဂါ ဘာဆေးသုံးမှာလဲ ဆရာကြီး
hi
ငါးအမိုင်နိုအက်ဆစ်၏ အကျိုးပြုပုံများ ငါးအမိုင်နိုအက်စစ်ရဲ့ အကျိုးကျေးဇူးအချို့ပါ။ အသေးစိတ်ကို ထိပ်ဆုံးက ခေါင်းစဉ်နှိပ်ပြီး လေ့လာနိုင်တယ်ဗျ။ - အပင်တွေမှာ stress factors လို့ခေါ်တဲ့ အပူချိန်မြင့်ခြင်း၊ အစိုဓာတ်အလွန်မြင့်ခြင်းဒဏ်တွေကို ခံနိုင်ရည်မရှိပါဘူး။ ဒါပေမယ့် ငါးအမိုင်နိုအက်ဆစ်ဖြန်းပေးမယ်ဆိုရင်တော့ ဒီလိုဖြစ်ခြင်းကို ထိန်းညှိပေးရုံသာမက ဖြစ်ပြီးသားအပင်တွေကို ဖြန်းပေးမယ်ဆိုရင်လည်း ပြန်လည်ကောင်းမွန်လာစေပါတယ်။ - ပန်းပွင့်မှုအားကောင်းစေသလို ဝတ်မှုံတွေအညှာင့်ပေါက်မှုကိုလည်း တိုးစေတာကြောင့် အသီးတည်မှုလည်းကောင်းစေပါတယ်။ ဒါ့ကြောင့် သီးနှံပင်တွေအရည်အသွေးကောင်းစေရုံသာမကပဲ အထွက်နှုန်းကိုပါ တိုးလာစေပါတယ်။ - ငါးအမိုင်နိုအက်ဆစ်ဖြန်းပေးခြင်းက သီးနှံပင်ရဲ့စွမ်းဆောင်ရည်ကို ကောင်းမွန်စေပြီး တချို့ဆားပေါက်မြေတွေမှာတောင် ရှင်သန်နိုင်စေပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငါးအမိုင်နိုအက်ဆစ်လုပ်တာက ငါးတစ်ပိသာ+သကြားတစ်ပိသာ ရေမထဲ့ရဘူးလားခင်ဗျဖြေကြားပေးပါ
ဖြေကြားချက် 2 ခု
ငါးအမိုင်နို နှမ်းသီးနှံအသုံးပြု ရပါသလား? သုံးစွဲရန် သီးနှံသက်တမ်းနှင့် အချိန်အခါ သုံးစွဲရန် အချိုးအဆနှင့်...
ဖြေကြားချက် 1 ခု
ငါးအမိုင်နိုအက်ဆစ်ကိုစပါးခင်းမှာဖြန်းလို့ရပါသလား NPK ပါဝင်နုန်းနဲ့ဖြန်းရမယ့်အချိန်လေးရောမသိလို့ပါ သိရင်မျှဝေ...
ဖြေကြားချက် 1 ခု
အမိုင်နိုအက်စ်ကအပင်အတွက်ဘယ်လိုအဓိကနေရာမှာ အကျိုးပြုပါသလဲခင်ဗျဘယ်လိုကောင်းကျိုးဆိုးကျိုးလေးတေရှိတယ် ဆိုတာစိုက်...
ဖြေကြားချက် 2 ခု
ငါးအမိုင်နိုကို နှမ်းစိုက်ခင်းမှာ ပန်းစပွင့်ချိန်ဖြန်းလို့ရသေးလား ခင်ဗျာ (ခန့်မှန်းစိုက်ရင် တလခွဲခန့်ရှိပြီ)
ဖြေကြားချက် 5 ခု