အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
119
လွန်ခဲ့သော ၅ နှစ် က · နတ္တလင်း

မင်္ဂလာပါ။ကျွန်တော်ကတော့ဖရုံစိုက်တောင်သူတစ်ယောက်ပါ။ဖရုံကအသီးတေကောင်းပေမဲ့ ပုတ်နေတယ်။မှိုကြောင့်လား.?ပိုး...

မင်္ဂလာပါ။ကျွန်တော်ကတော့ဖရုံစိုက်တောင်သူတစ်ယောက်ပါ။ဖရုံကအသီးတေကောင်းပေမဲ့ ပုတ်နေတယ်။မှိုကြောင့်လား.?ပိုးကြောင့်လား.? တချ ို့ကတော့ ပျားထိုးလို့ပုတ်တာတဲ့ ပြောကြတယ်။ဘာကြောင့်လဲ့ဗျ?

ပိုးမွှားရောဂါ ရွှေဖရုံသီး

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၅ နှစ် က

အသီးပုတ်တာ က ဝတ်မူံကူးတာ မအောင်မြင်လျှင် အဟာရချို့တဲ့ လျှင် ဥပမာ Ca B ရောဂါဝင်လျှင် သီးထိုးယင်ကျရောက်လျှင် အသီးမတင်နိုင်ပါဘူး

119 လွန်ခဲ့သော ၅ နှစ် က

ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၅ နှစ် က

အသီးပုပ်ကို ခွဲကြည့်လိုက်ရင် အထဲမှာ လောက်ကောင်တွေ ရှိနေပြီလားဗျ။ အဲဒါဆိုရင်တော့ သီးထိုးယင်ကျနေပြီလို့ ပြောလို့ရပါတယ်။ လောက်ကောင်ကျပြီး ပုပ်နေတဲ့အသီးတွေကို ခူးပြီး ကျင်းနက်နက်တူးပြီး မြေမြုပ်ပစ်ပါ။ ရိုးရိုးလွင့်ပစ်ရင် အထဲက လောက်ကောင်တွေက သီးထိုးယင်အဖြစ်နဲ့ အပြင်ကို ပြန်ရောက်လာဦးမှာပါ။ ပြီးရင် စိုက်ခင်းကို အဝါရောင်ကော်ပြားထားပေးပါ။​ သီးထိုးယင်တွေက ဒီကော်ပြားမှာ လာကပ်ပြီး သေပါလိမ့်မယ်။ နောက်တစ်နည်းက သီးထိုးယင်ထောင်ချောက်လုပ်နိုင်ပါတယ်။ သီးထိုးယင်ထောင်ချောက် ဘယ်လိုလုပ်ကြမလဲ ဒီခေါင်းစဉ်ကိုနှိပ်ပြီး ပြုလုပ်နည်း လေ့လာနိုင်ပါတယ်။​ ဗီဒီယိုပါ ပါပါတယ်ဗျ။ ဒီနည်းတွေကတော့ ဓာတုဆေးဖြန်းစရာမလိုတဲ့အတွက် လူလည်း မထိခိုက်သလို စားသုံးသူလည်း ဓာတ်ကြွန်းမကျန်တဲ့အတွက် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ CABI ကတော့ အသီးအရေအတွက် ၁၀% ကျော် သီးထိုးယင်ကျနေပြီဆိုရင်တော့ မာလာသီယန် ၅၀ အီးစီ ဖျန်းခိုင်းပါတယ်။ ဖျန်းပြီး ၇-၁၀ ရက်အတွင်းတော့ အနည်းဆုံးထားပြီး မခူးရပါဘူး။ ဓာတ်ကြွန်းကျန်နေသေးတဲ့အတွက် စားသုံးသူအတွက် အရမ်းအန္တရယ်များပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။