အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
698
လွန်ခဲ့သော ၅ နှစ် က · ညောင်ရွှေ

ဓက်မြေသြဇာကပထမတစ်ခါကျွေးပြီးရင်နောက်တစ်ခါဘယ်နှစ်ရက်ချား​ကျွေးရတာလဲ

အပင်အာဟာရ ဂန္ဓမာ

ဖြေကြားချက် ၁ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

စိုက်ပြီး ၁၅ ရက်သားတွင် နွားချေးဆွေး တစ်ပြည် ရေ ၂ ဂါလံဖြင့် ပျစ်ပျစ်ရေဖျော်ပြီး ဖျော်ရည် တစ်ဆရေ ၁၀ ဆဖြင့် လောင်းပေးခြင်း(သို့) နှမ်းဖတ် တစ်ပိသာ နွားချေး ၂ ပြည် (နွားချေးမထည့်လိုပါက ယူရီးယား နို့ဆီဘူး ၁ ဘူး) ရေ ၂ ဂါလံဖြင့် (၃-၄) ရက် အပုပ်စိမ်ထားသော အပုပ်ရည် တစ်ဆ ရေ ၁၀ ဆ ဖြင့် ဖျော်လောင်းခြင်း ပြုလုပ်ပါ။ စိုက်ပြီးသည်မှ (၅) ပတ်အတွင်း (၁၅) ရက်အကြာ မြေဩဇာအရည် စတင်လောင်းသည်မှ စတင်၍ (၁-၂) ပတ်တစ်ခါ နွားချေးဆွေးအရည် (သို့) အပုပ်ရည်ကို ဖျော်လောင်းပါ။ နွားချေးဆွေးရည် (သို့) နှမ်းဖတ်ပုပ်ရည်လောင်းရန် အခက်ခဲရှိသော စိုက်ခင်းနေရာများတွင် ယူရီးယားမြေဩဇာကို မြေကြီးထဲသို့ ထည့်သွင်းခြင်းထက် အပင်သို့ရေဖျော်ဖြန်းခြင်းကို ပင်ပိုင်း ကြီးထွားသည့်ကာလ ( စိုက်ပြီးသည်မှ (၅) ပတ် အတွင်း) နှစ်ပတ် တစ်ကြိမ် ပြုလုပ်ရပါမည်။ အဖူးဝင်လာသည့်အချိန် အပွင့်အားပေး ဟော်မုန်းကို ဖြန်းနိုင်ပါသည်။ မြေဩဇာဖျော်ရည် (နွားချေး(သို့) ကြက်ချေး ဖျော်ရည် (သို့) အပုပ်ရည်) ပြုလုပ်ပြီး လောင်းရန် အဆင်ပြေသော စိုက်ခင်းများတွင် မြေဩဇာ အရည်အား စိုက်ပြီး ၁၅ရက်သားမှ အပွင့်ပွင့်သည်အထိ (၁-၂) တစ်ကြိမ် လောင်းရပါမည်။ ထို့အပြင် (P2O5) နှင့် (K2O) တို့ အချိုးအစားအရ ပိုမိုပါဝင်သော ရွက်ဖြန်းမြေဩဇာများ ဖြန်းခြင်းကို (၂) ပတ် တစ်ကြိမ်ဖြန်းပေးခြင်းကို မြေဩဇာအရည်များ ပြုလုပ်သုံးစွဲရန် အဆင်မပြေသော စိုက်ခင်းများတွင် ပြုလုပ်နိုင်ပါသည်။ အရွက်ဖြန်းဆေးကို မသုံးဘဲ မြေကြီးထဲကိုသာ ထည့်သွင်းမည်ဆိုပါက N:P:K ဓာတ်မြေဩဇာ ဝ.၅း၁း၁ ရှိသော ကွန်ပေါင်း မြေဩဇာကို ၂ ပေ ခွဲ _ ၁၈ ပေ ရှည်သော စိုက်ဘောင်တွင် တစ်ပြည်ခွဲနှုန်းဖြင့် အပင် တစ်လသားအရွယ်ပေါင်းလိုက်သော အချိန်တွင် ထည့်သွင်းပေးရပါမည်။ ကောင်းစွာဆွေးမြေ့သော နွားချေးဆွေး မြေဆွေးများအား ထည့်သွင်းပေးခြင်းကို ပြုလုပ်ပေးနိုင်ပါသည်။ ဂန္ဓမာပန်းသည် မြေဆွေးများ ပေါကြွယ်သော မြေကို ပိုမို ကြိုက်နှစ်သက်ကြပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။