ဖြေကြားချက် ၂ ခု
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
သဘာဝမြေသြဇာကို မြေခံမှာ များများထည့်ခဲ့ရင်တော့ အဟာရလိုအပ်ချက်က နည်းပါးတဲ့အတွက် မြေသြဇာကျွေးနှုန်းကို လျော့ချပေးနိုင်ပါတယ်။ ငရုတ်မှာ NPK အပြင် Mg, S, Ca စတာတွေ လိုအပ်ပါတယ်။ နောက် အနည်းလိုအဟာရတွေလည်း သဘာဝမြေသြဇာ မကျွေးထားရင် ရွက်ဖျန်းနဲ့ဖြစ်ဖြစ် အနည်းလိုအဟာရပါတဲ့ ကွန်ပေါင်းဖြစ်ဖြစ် ထည့်ပေးနိုင်ပါတယ်။ ကျွန်တော် ကျိုက်လတ်မှာ သင်တန်းပေးတုန်းကတော့ အချဉ်ဖောက်ထားတဲ့ အရွက်ရည်အကြောင်းပြောတာ ငရုတ်စိုက် အမျိုးသမီးတောင်သူက ငရုတ်အညွှန့်တွေခူးတုန်းက လွင့်မပစ်ပဲ အချဉ်ဖောက်ထားတဲ့အ ရွက်ရည်လုပ်ပြီး ပြန်ဖျန်းတာ သူ့စိုက်ခင်းက တော်တော်လှပြီး အထွက်တိုးလာကြောင်း နောက် ၆ လကြာ သင်တန်းပြန်လုပ်တဲ့အချိန်မှာ ပြောပြလာပါတယ်။ လုပ်နည်းလေးပါ။ ခေါင်းစဉ်နှိပ်ပြီး လေ့လာနိုင်ပါတယ်ဗျ။ အချဉ်ဖောက်ထားသော အရွက်ရည် Fermented Plant Juice (FPJ)
ဆက်စပ်မေးခွန်းများ
ငါးအမိုင်လိုန့ဲ ကြက်ဥ ဘိုင်လင်စီန့ဲရောထည့်ထားရင်ရနိုင်လား ဗျ
ဖြေကြားချက် 4 ခု
ငြုပ်ပွအချိုပင် Sweet pepper အတွက် NPK မဟုတ်တဲ့ တခြားလိုအပ်တဲ့ဓါတ်တွေထည့်ချင်လို့ပါ၊ ဘယ်လိုမေးဝယ်ရမလဲ ခင်ဗျာ၊...
ဖြေကြားချက် 1 ခု
ဆရာတို့ ကယ်လစိရမ် ချို့တ့ဲရင် ဂျက်စမ် ကျောက်မှု့န့်ထည့်လို့ရနိုင်မလား ကယ်လစီရမ်ပါတ့ဲ ရွက်ဖြန်းအားဆေး ဖြန်သင့်သ...
ဖြေကြားချက် 2 ခု
ငရုတ်ပင်ကို ပျိုုးအိတ်နဲ့ပျိုးပြီးစိုက်ထားတာ ပျိုးတာကတစ်လလောက် မြေချစိုက်တာ တစ်ပတ်ကျော်လောက်ရှိပြိး အဲ့ဒါနွား...
ဖြေကြားချက် 2 ခု
ငရုတ်ပင်းခြေကို လွှစာမှုန့်ဖြူးပေးရင် ကောင်းမလား ဆရာတို ခြဆွဲမှာလည်း စိုးမိတယ်
ဖြေကြားချက် 1 ခု