ဘာဆေးသုံးရမလည်းဆရာတို့
ပေါင်မုန့်ဖုတ်တဲ့ဆော်ဒါ ကိုကော်ဖီပျော်တဲ့ဇွန်းတစ်ဝတ်ကို ရေကဗူးအသေးထဲ့ထည့်လှုပ်ပြီးဖြန်းပေးပါ
Mealy Bugs ပိုးစေးနှဲ နှိမ်နှင်းဖို့အတွက် ကာကွယ်နှိမ်နင်းဆေး ==================== ၁။ ပိုးစေးနှဲသည် စုတ်စားပိုးတမျိုးဖြစ် သည် ပူနွေးစွတ်စိုထိုင်းမှိုင်းသောနေရာ များတွင်ပေါက်ဖွားလေ့ရှိသည် အရွက် ပင်စည်အသီးများတွင် တွယ်ကပ်နေပြီး သစ်ရည်ကိုစုတ်ယူကြသည် အများအ ပြားကျရောက်ပါက အပင်များပျက်စီး ဆုံးရှုံးနိုင်သည် ၄င်းတို့ထုတ်လုပ်သော အချိုရည်တမျိုးကြောင့် ကြပ်ခိုးမှိုစွဲ တတ်သည် ပိုးစေနှဲများကျရောက်နေ လျှင်ပုရွက်ဆိတ်များကိုတွေ့ရမည်။ ၂။ ဓာတုဆေးများဖြင့်နှိမ်နင်းပါက အ ကျိုးပြုပိုးများသေဆုံးနိုင်ပြီး ဆေးယဉ် ပါးမှုကြောင့် ဖျက်ပိုးများသာအင်အား ကြီးထွားလာနိုင်သောကြောင့် သဘာဝ ဆေးများဖြင့်ပြုလုပ်နှိမ်နင်းသင့်သည်။ ၃။ #ပိုးစေနှဲကာကွယ်နှိမ်နင်းခြင်း။ ရေ ပြင်းပြင်းဖြင့်ထိုး၍ပက်ဖြန်းခြင်း ပိုးကျ နေသော အကိုင်းအခက်များကိုဖယ်ရှား ပေးခြင်း ပြာဖြူမှုန့်ဖြူးပေါ်ခြင်းများပြု လုပ်ပေးရမည်အပြင် သဘာဝဆေးများ ဖြင့်လည်းပြုလုပ်နှိမ်နင်းရမည်။ ၄။ #တမာပိုးနှင်ဆေး (က) တမာရွက်(၂)ပိသာ။ (ခ) ပဒဲကောအမြစ်(၁)ပိသာ။ (ဂ) စပလင်အရွက်အမြစ်(၁)ပိသာ။ ၅။ အထက်ပါအမယ် (၃)မျိုးကိုထုထောင်း ၍ရေ(၄)ဂါလံနှင့်တညစိမ်ထားပါတညပြည့် ပါက ဆေးဖြန်းပုံးတပုံးလျှင် စိမ်ရေ(၁)လီ တာခွဲမှ (၂) လီတာအထိ ပိုးအနည်းအများ ပေါ်မူတည်၍ ထည့်ဖြန်းနိုင်သည်ဆပ်ပြာဆီ ရည် ထမင်းစားဇွန်း (၄) ဇွန်းပါထည့်ဖြန်း ပေးပါ (၃/၅)ရက်တကြိမ်ဖြန်းပေးနိုင်သည်။ ၆။ #ထမင်းချဉ်ရည်ပိုးနှင်ဆေး။ ထမင်း ကြမ်းလက်တဆုတ်ကို ရေ(၁)လီတာနှင့်စိမ် ပြီး အဖုံးလုံအောင်ပိတ်ကာ (၁၀) ရက်ထား ပါ။ ၇။ တမာရွက်(၃၀)သားကိုထောင်ပြီး ထမင်း ချဉ်စိမ်ရေထဲထည့်ကာ (၁)နာရီခန့်ထားပြီး စစ်ယူပါ စစ်ရည်သည်ဆေးဖြန်းပုံးတပုံးစာ ဖြစ်သည် ၄င်းစစ်ရေကိုဆေးဖြန်းပုံးထဲထည့် ကာ ရေ(၂၀)လီတာပြည့်အောင်ဖြည့်စွက်၍ ဖြန်းပေးနိုင်ပါသည်။ ၈။ အကုန်အကျသက်သာပြီး ပြုလုပ်ရ လွယ်ကူသည့် ပိုးစေးနှဲနှိမ်နင်းနိုင်သည့် သ ဘာဝဆေးလေးဖြစ်ပါတယ် အကျိုးရှိမယ် လို့ယူဆပါသည့် အတွက်တောင်သူများ အ သုံးပြုနိုင်ဖို့တင်ပြပေးလိုက်ပါတယ်။ #Crd Reference : Ko Nyan Myint
ဆက်စပ်မေးခွန်းများ
ဒီလိုပိုကောင်လေးတွေအများကြီးတွေ့ရပါတယ်အညွှန်နုလေးတွေကိုကိုက်ထားပါတယ်ဘာဆေးသုံးပြီးနှိမ်နှင်းရမလည်းကျေးဇူးပြု...
ဖြေကြားချက် 0 ခု
မန်ကိုဇက်နဲ့ကော့ပါးဟိုက်ဒေါဆိုက်ရောဖြန်းလို့ရလားဗျအင်မီဒါကလိုဗစ်နဲ့ရောရောဖြန်းလို့ရလားဗျဆရာတို့ကူညီကြပါအုန်း
ဖြေကြားချက် 4 ခု
ဆရာတို့ ကျွန်တော်သိချင်တာလေးက ဒူးရင်းကိုစီးပွားဖြစ်စိုက်တဲ့နေရာမှာ (1ဧက)အတွက် အပင်70ဆိုပါစို့ မြေဩဇာနှင့် ပိုး...
ဖြေကြားချက် 1 ခု
ဒူးရင်းပင်စိုက်ပျိုးနည်းလေးမျှဝေပေးကြပါအုံး ခုမှစစိုက်မလို့ပါ
ဖြေကြားချက် 1 ခု
ဒူးရင်းကိုင်းဆက်တယ့်နည်းလေးတွေသိချင်လို့ပါ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။