အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၅ နှစ် က · သထုံ

ကျွဲကောအရွက်တွေ အဲလိုဖြစ်နေတယ် ဘာဆေးဖျန်းရမလဲဗျ ကူညီပြီးဖြေကြားပေးပါဦး

ပိုးမွှားရောဂါ ကျွဲကော
Post image
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

116 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါဗျ

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၅ နှစ် က

7. သဘာဝဆေးအနေနဲ့ကတော့ azadirachtin လို့ခေါ်တဲ့ ဓာတ်ပါတဲ့ တမာပိုးသတ်ဆေးကို သုံးပေးရပါမယ်။ သူက ပိုးတွေကို ပြေးစေတယ်၊ ပင်လုံးပြန့်ရော ထိသေ အာနိသင်ပါရှိတာမလို့ စားမိရင်လည်း မျိုးပွားမှုနဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေကို အဟန့်အတား ဖြစ်စေပါတယ်။ သူက ပတ်ဝန်းကျင် အတွက်လည်း အန္တရာယ်ဖြစ်မှု နည်းတာမလို့ ဓာတုဆေးဝါးတွေထက် ပို အသုံးပြုသင့်ပါတယ်။ 8. အဆိုးဆုံးအဆင့်မှာဆိုရင်တော့ ပင်လုံးပြန့် အာနိသင်ရှိတဲ့ ပိုးသတ်ဆေး တစ်မျိုးမျိုး သုံးပေးရပါမယ်။ ဒါပေမယ့် ပင်လုံးပြန့်မလို့ တစ်ပင်လုံးအနှံ့ အဆိပ်အာနိသင်တွေ ရှိနိုင်တာကြောင့် အကျိုးပြုပိုးတွေကို ဒုက္ခပေးနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ တစ်ချက် သတိထားရမှာကတော့ ရွက်ထွင်းပိုးတွေဟာ Broad spectrum(ထိတွေ့သမျှ ပိုး တော်တော်များများ အကုန်သေ) အာနိသင်ရှိတဲ့ Carbamates၊ Pyrethroid အစရှိတဲ့ ဆေးတွေကို ခံနိုင်ရည် ရှိနေတာပါ။ ဆေးပြင်းလို့ သေနိုင်တယ်ထင်ပြီး သွားသုံး လိုက်မယ်ဆိုရင်တော့ ရွက်ထွင်းပိုးတွေက မသေဘဲနဲ့ ရွက်ထွင်းပိုးကို နှိမ်နင်းပေးတဲ့ အကျိုးပြုပိုးတွေကိုသာ သေစေမှာ ဖြစ်ပါတယ်။ ဆရာမ ဆုမြတ်ခင်ရဲ့ ဆောင်းပါးထဲက ရေးသားဖော်ပြချက်ပါ။ အသေးစိတ်ဖတ်လိုပါက - “ရွက်ထွင်းပိုးကို  သဘာဝနည်းတွေနဲ့ ဘယ်လို နှိမ်နင်းမလဲ”

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။