အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
233
လွန်ခဲ့သော ၅ နှစ် က · မော်လမြိုင်

မျိုစေ့ အပင်ပေါက်နည်လေ ပြောပေပါ ခင်ဗျာ ရွှေနီ၁၆၈ပါ

စိုက်ပျိုးနည်း သင်္ဘော

ဖြေကြားချက် ၁ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

သင်္ဘောပင်အား အစေ့မှ မျိုးပွားယူသည်။ မျိုးပွားရန်အတွက်ရောဂါကင်းသော အမပင်မှ ကျန်းမာသော၊ ကြီးမားသော၊ ကောင်းစွာရင့်မှည့်သော သင်္ဘောအသီးမှ အစေ့များကို စုဆောင်းပါ။ တစ်ခါတစ်ရံတွင် ၄၅ ရက်သားရှိ အစေ့များသည် အပင်ပေါက်ရာခိုင်နှုန်း ကျဆင်းသွားသောကြောင့် အပင်မပေါက်သည်များ ရှိသည်။ သင်္ဘောစေ့များပေါ်ရှိ အကျိအချွဲများကို ဖယ်ရှားလိုက်ပါက အကျိအချွဲများ ရှိနေသည့် အစေ့များထက် အပင်ပေါက်မြန်သလို၊ အပင်ပေါက်လည်း ညီညာမည် ဖြစ်သည်။ အကျိအချွဲများကို ဖယ်ရှားရန် အစေ့များကို ရေပုံးတွင်ရေထည့်ကာ ၂-၃ ရက်ခန့် အချဉ်ဖောက်ခြင်းဖြင့် ဖယ်ရှားနိုင်သည်။ ၎င်းအချဉ်ဖောက်ထားသော အစေ့များကို မီးဖိုပြာဖြင့် လူးကာ ဂုံနီစဖြင့် ပွတ်ခြင်းအားဖြင့်ပြောင်စင်အောင် ဖယ်ရှားနိုင်မည်။ ၎င်းအစေ့များကိုရေပုံးထဲထည့်ကာ ထပ်မံဆေးကြောပါ။ အပင်ပေါက်မည့် အစေ့များသည်ရေတွင် နှစ်မြှပ်မည် ဖြစ်ပြီး အဖျင်းများနှင့် အမှိုက်များသည်ရေပေါ်တွင်ပေါ်နေမည် ဖြစ်သည်။ အစေ့များကို တိုက်ရိုက် စိုက်ပျိုးနိုင်ပြီး၊ မစိုက်ပျိုးလိုပါက အရိပ်တွင် အခြောက်ခံကာလေလုံသော ဗူးများဖြင့် သိမ်းဆည်းပါ။ သို့သော် အစေ့များကိုနေရောင်အောက်တွင် အခြောက်မခံပါနှင့် အပင်မပေါက်နိုင်သည့် အစေ့များ ဖြစ်သွားနိုင်သည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။