အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၅ နှစ် က · ပြင်ဦးလွင်

မြေအောင်းပိုးဆိုတာဘာအကောင်တွေလဲဗျ ကျွန်တော် စိုက်ခင်းမှာ တီကောင်နဲ့ခြကောင်တွေပေါနေလို့ မြေအောင်းပိုးတွေရှိခဲ့...

မြေအောင်းပိုးဆိုတာဘာအကောင်တွေလဲဗျ ကျွန်တော် စိုက်ခင်းမှာ တီကောင်နဲ့ခြကောင်တွေပေါနေလို့ မြေအောင်းပိုးတွေရှိခဲ့ရင် သဘာဝပိုးသတ်ဆေးလုပ်နည်းပြောပြပေးပါဗျ

ပိုးမွှားရောဂါ ချဉ်ပေါင်ဖာလာ
2

ဖြေကြားချက် ၂ ခု

349 လွန်ခဲ့သော ၅ နှစ် က

တီကောင်ကမိက်ဆွေပါဖျက်ကတော့ခြဖိုးလမင်းကျိုင်းငမြှောင်တောင်ဝါယာပိုးခေါ်ကျောက်ပိုးတို့ဖြစ်ပါတယ်

270,769 လွန်ခဲ့သော ၅ နှစ် က

တီကောင်ကတော့ ဖျက်ပိုးမဟုတ်ပါဘူး။ မြေကြီးထဲမှာ အဏုဇီဝပိုးတွေတိုးဖို့အတွက် လုပ်ဆောင်ပေးပါတယ်။ တီကျစ်မြေသြဇာဆိုပြီး အပင်အတွက်အသုံးပြုကြတာကိုရှိပါတယ်။ ခြတို့၊ ဖိုးလမင်းကျိုင်း၊ ငမြှောင်တောင် တွေက မြေအောင်းပိုးတွေပါပဲ။ မြေအောင်းပိုးအတွက်ကို မြေပြင်ကတည်းက မြေအောင်းပိုးသတ်ဆေးတွေထည့်ပေးတာတို့ လုပ်ဆောင်သင့်ပါတယ်။ (ပထမအကြိမ်ထယ်ထိုးပြီးပါက ၃ရက်နေလှမ်းထားပေးပြီးနောက်ဒုတိယအကြိမ် ၁၆သွား ၂စပ်မောင်းပြီးကြမ်းတုန်းရိုက်ပါ။၂ရက်ခန့်အကြာမှာ နောက်တစ်ကြိမ်ထပ်မောင်းပြီးကြမ်းတုန်းရိုက်ပါ။ဒီလိုလုပ်ခြင်းဖြင့် ပိုးလောက်ကောင်တွေ/ရုပ်ဖုံးတွေဟာ ​မြေပေါ်ရောက်လာပြီး နေရောင်နဲ့ထိခြင်း..ငှက်များစားသောက်ခြင်း..ထွန်သွားနဲ့ထိမိခြင်းတို့ကြောင့်သေနိုင်ပါတယ်။ မြေအောင်းပိုးသတ်ဆေး(ပင်လုံးပြန့်ထိသေဆေးအဆိပ်ငွေ့ဆေး)တစ်မျိုးမျိုးကိုမြေပြင်ချိန်မှာထည့်ပေးပါ။ ဒီပိုးတွေဟာရာသီတလျှောက်လုံးဖျက်ဆီးတတ်ပါတယ်။ မြေကြီးအောက်မှာနေတာကြောင့် ဆေးဖျန်း၍မရပါ။) ကွင်းထဲကနည်းပညာအချက်အလက်တွေက ဆရာဦးအေးနိုင်ဆီမှ ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မန္တလေး ပွဲရုံ တိုက်ရိုက်ရောင်းချင်ပါတယ် ဖုန်းနံပါတ်သိရင် ပြောပြပေးပါ

ဖြေကြားချက် 0 ခု

ချဉ်ပေါင်ဖာလာကအမြင့် ၂၀၀၀ပေကျော်မှာ စိုက်ရပြီး မြေနိမ့်ရင်အသီးမသီးဟုသိရပါသည် ရက မတလ အမြန်လမ်း ၆၄ မိုင်လောက်...

ဖြေကြားချက် 1 ခု

ရာသီဥတု ၃ မျိုးရှိသည့် မြန်မာနိုင်ငံတွင် ရာသီဥတု ၁မျိုးစီတွင် စိုက်ပျိုးစားသောက်နိုင်သော သီးနှံအမျိုးစားများ...

ဖြေကြားချက် 2 ခု

ဂုံနီ အိတ် အထူ တွေ ဘယ်မှာ ၀ယ်လို့ ၇လဲ ဗျ အနံ ၃၆ အလျား ၄၈ လောက် ..သိ၇င် ပြောပေးကြပါအုန်းနော်

ဖြေကြားချက် 2 ခု

ဆရာသမားတို့ခ‌ည ချဉ်ပေါင်ပင်ရွက်မှာအ ြဖူကွက်‌ေတ ြဖစ်နေတယ် ဘာ‌ေြကာင့်လဲ ဘာဆေးသုံးသင့်လဲခည

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။