ခွေးတောက်က ခုရာသီမှာ ကိုင်းဖြတ်ပြီးစိုက်ရင် ရှင်လားဗျ ပုံမှာပါတဲ့အကိုင်းတွေဖြတ်ပြီးစိုက်ချင်လို့ပါ
ကိုင်းဖြတ်ပျိုးယူစိုက်ပျိုးခြင်း အဆစ်တစ်ဆစ်လျှင် တစ်ပင် ပျိုးယူနိုင်ပါသည်။ အဆစ်မှ အောက်သို့ ၅ လက်မခန့်အဆစ်တိုင်း ဖြတ်ယူစုဆောင်းပါ။ အဆစ်တစ်ခုစီပါသော ခွေးတောက်ကိုင်းများကို အသင့်ပြုလုပ်ထားသော ၆x၈ လက်မပျိုးအိတ်များကို ရေဝအောင် လောင်းပေးပါ။ ပျိုးအိတ်အလယ်တွင် ထမင်းစားသည့် တူချောင်းဖြင့် မြေကြီးကို ထိုးချကာအပေါက်ဖြစ်အောင်လုပ်ပြီး ဂွေးတောက်ကိုင်းကို အဆစ်ပါသည့်ဘက်ကို ၁ လက်မခန့်ဖော်ထားပြီး အရင်းဘက်ကို တူချောင်းဖြင့် အပေါက်ဖော်ထားသည့် နေရာတွင် ထိုးထည့်ကာ မြေပိုကြပ်အောင်ဖိထားပါ။ ခွေးတောက်ပျိုးကိုင်းထည့်ပြီးသည့် ပျိုးအိတ်ကို အရိပ်အောက်တွင်ထားပါ။ နေ့စဉ်မြေအခြောက်အစိုကိုကြည့်ပြီး ရေလိုသလောက်ဖြန်းပေးပါ။ ၁၀ ရက်ခန့်အကြာတွင် ရွက်သစ်များထွက်လာပါမည်။ အမြစ်များက တစ်လခန့်မှထွက်လာပြီး ၄၅ ရက်ကျော်လျှင် မြေချစိုက်သင့်ပါသည်။ အသေးစိတ်လေ့လာချင်ရင် ခွေးတောက် စိုက်ပျိုးနည်း မှာ ကြည့်လို့ရပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပုံထဲမှာပါနေတဲ့ အင်းဆက်လေးက ဘာအင်းဆက်လဲခဗျ ခွေးတောက်ရွက်ပင်မှာ အဲ့ဒီ့ပိုးကျနေလို့ ဘာဆေးဖြန်းရမလဲခဗျ ထိ...
ဖြေကြားချက် 5 ခု
ပျိုးပင် ဝယ်စိုက်ထားတာ ၂ လသားရှိပြီ။ အဲလို ကုတ်ကုတ်လေး ဖြစ်နေလို့ လမ်းညွန်ကြပါဉီး ဗျာ
ဖြေကြားချက် 4 ခု
စိုက်ပျိုးထားသော ဂွေးတောက်ပင်တွင် ယခုပြထားသောပိုးကျနေပါသည်။မည်သည့်ဆေးဖျန်းရမလဲ ဖြေကြားပေးပါရန်။
ဖြေကြားချက် 2 ခု
စိုက်ပျိူးနည်းေလးသိချင်ပါတယ်ဆရာတို႔ ပင်တန်းခြားဘယ်ေလာက်စိုက်ရမယ် ဘယ်လိုမျိူးေစ့ ကိုစိုက်ရမယ် အပင်ဘယ်အေနအ...
ဖြေကြားချက် 1 ခု
ရှမ်းပြည်တောင်ပိုင်း မိုင်းရှူး ဒေသ ၀မ်ကန်၌ ဒန့်ဒလွန် ပင် ရှင်သန်အောင် မည်သို့ စိုက်ပျိုးရပါ မည်နည်း အကြံပြုစေ...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။