အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၅ နှစ် က · ဗန်းမော်

အပင်တွေမှာဖြန်းတဲ့ organic ဖြန်းဆေး (သစ်ပေါင်းခံရည်) ပြုလုပ်နည်းလေး သိချင်ပါတယ် ပြောပြပေးပါ

ပိုးမွှားရောဂါ သခွား

ဖြေကြားချက် ၃ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

သစ်သားပေါင်းခံရည်(သို့) သစ်သားရှာလကာရည်လို့ခေါ်တဲ့ သဘာဝဆေးရည်တစ်ခုအကြောင်းပါ။ သစ်သားကရတဲ့ ရှာလကာရည်ဆိုလို့ အထူးအဆန်းမဟုတ်ပါဘူး။ သစ်သားလိုမျိုး ကာဗွန်ဓာတ်ပါတဲ့ အပင်ရဲ့အစိတ်အပိုင်းအချို့ကို လေလုံတဲ့နေရာမှာ မီးလောင်ခိုင်းပြီး အငွေ့ကို အအေးခံကာ ရလာတဲ့ အရည်ပါ။ ဘော့စကိုင်း၊ ဝါး၊ သစ်ကိုင်းခြောက်၊ စပါးခွံတွေကို သုံးလို့ရပါတယ်။ စပါးခွံပေါင်းခံရည်ကလည်း အာနိသင်အတူတူပဲမို့ မိမိဒေသမှာ လွယ်လွယ်ကူကူရတဲ့ ပစ္စည်းကို သုံးလို့ရပါတယ်။ ပေါင်းခံရည်ထုတ်လုပ်ပုံကို နောက်ထပ်ဆောင်းပါးတစ်ပုဒ်နဲ့ ဖော်ပြပေးသွားပါမယ်။ လွယ်လွယ်မြင်အောင်ပြောရရင် မီးသွေးဖုတ်တာလိုမျိုးပါပဲ။ အပြည့်အစုံကို ဒီဆောင်းပါးမှာလေ့လာပါ။ စာတန်းကိုနှိပ်ပြီးလေ့လာနိုင်ပါတယ်။ သဘာဝစွဲကပ်ပျံ့နှံ့ဆေး...သစ်သားပေါင်းခံရည် (သို့) စပါးခွံပေါင်းခံရည်

270,769 လွန်ခဲ့သော ၅ နှစ် က

စပါးခွံပေါင်းခံရည်၊ ဝါးပေါင်းခံရည် ဆိုပြီး ရှိပါတယ်။

2,441 လွန်ခဲ့သော ၅ နှစ် က

သစ်ပေါင်းခံရည်တော့ မကြားဖူးဘူး။ ဝါးပေါင်းခံရည်ပဲ ကြားဖူးတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။