ဖြေကြားချက် ၁ ခု
၇။ မြေဩဇာနှုန်ထား စိုက်ကျင်းတစ်ကျင်းလျှင် နွားချေးဆွေး (၂၀)ကီလိုဂရမ် (၁၂ ပိဿာ)၊ ဒိုလိုမိုဒ် ထုံးကျောက်မှုန့် (၀.၅)ကီလိုဂရမ် (၃၀ ကျပ်သား)၊ တီစူပါ (၇၅)ဂရမ် (၄ ကျပ်သားခွဲ) ကို အပေါ်ယံမြေနှင့် ရောပြီး အပင်မစိုက်ပျိုးမီ ကျင်းတွင်ထည့်ပါ။ စိုက်ပျိုးထားသော အပင်များ အမြစ်စွဲလျှင် တစ်ပင်လျှင် ယူရီးယား (၄၃၅) ဂရမ် (၂၆ ကျပ်သား)၊ တီစူပါ (၂၁၀) ဂရမ် (၁၂ ကျပ်သား)၊ ပိုတက်(၃၂၀) ဂရမ် (၁၉ ကျပ်သား) နှုန်းထည့်သွင်းပေးပါ။ ပထမနှစ် လမိုင်းခင်းတွင် တစ်ပင်ကိုယူရီးယား (၁၁၀) ဂရမ် (၆ ကျပ်သား) နှုန်း ထည့်သွင်းပေးပါ။ ဒုတိယနှစ် လမိုင်းခင်းတွင် တစ်ပင်ကိုယူရီးယား (၁၁၀) ဂရမ်(၆ ကျပ်သား) နှုန်း ထည့်သွင်းပေးပါ။ ယူရီးယားကို (၃၀)ရက်၊ (၇၅) ရက်၊ (၁၂၀) ရက်နှင့် (၁၆၅) ရက် ခြား၍ အကြိမ်ကြိမ်ခွဲ၍ ထည့်သွင်းပေးပါ။ ပိုတက်ကို (၇၅)နှင့် (၁၆၅) ရက်ခြား၍ နှစ်ကြိမ်ခွဲထည့်သွင်းပါ။ ဓာတ်မြေဩဇာ ထည့်သွင်းခြင်းကို ငှက်ပျောဖူး မထွက်မီ (စိုက်ပြီး ၅-၆ လအကြာ) အပြီးဆောင်ရွက်ပါ။ အသေးစိတ်လေ့လာဖို့အတွက် ခေါင်းစဉ်နှိပ်ပေးပါဗျ။ ငှက်ပျော စနစ်တကျ စိုက်ပျိုးနည်း
ဆက်စပ်မေးခွန်းများ
ငှက်ပျောရွက်လေးတွေမှာရွက်ပျောက်အညိုလေးတွေဖြင့်နေလို့း
ဖြေကြားချက် 1 ခု
မင်္ဂလာပါခင်ဗျာ မန္တလေးမှာ တစ်ရှူးငှက်ပျော အနည်းအကျဉ်းစိုက်လိုပါသဖြင့် အနီးနားဝန်းကျင် သို့မဟုတ် အခြားဒေသ ဘယ်...
ဖြေကြားချက် 3 ခု
အဖူးတော့ဖြတ်ပီးပီ ဘယ်အချိန် အိတ်စွတ်ရမလဲဗျ
ဖြေကြားချက် 0 ခု
မျိုး ပွားနည်း စိုက်ပျိုးချိန် ဘယ်မျိုးစားစိုက်သင့်ပါလဲ သိချင်ပါတယ်ဗျ
ဖြေကြားချက် 1 ခု
ငှက်ပျောအသီးစရှည်ဖို့Ga3ဖြန်းချင်ပါတယ်အသီးဖြန်းရမလားအပင်ဖြန်းရမလားအကြံပေးပါခင်ဗျာtranformနဲ့တွဲလို့ကိုရလားခင်...
ဖြေကြားချက် 2 ခု