အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
580
လွန်ခဲ့သော ၅ နှစ် က · ပြင်ဦးလွင်

နဂါးမောက်စိုက်ခင်းကို ဘော်ဒို ဖြန်းလို့ရလားဗျ

ပိုးမွှားရောဂါ နဂါးမောက်

ဖြေကြားချက် ၅ ခု

580 လွန်ခဲ့သော ၅ နှစ် က

ဟုတ်ကဲ့ကျေးဇူးပါဗျ

အတည်ပြုပြီး 95,063 လွန်ခဲ့သော ၅ နှစ် က

အကိုင်းအတက်များ ထွက်လာပြီးနောက် နဂါးမောက် ပင်စည်ကို လေဝင်လေထွက် မကောင်းစေခြင်း၊ နေရောင်ခြည် မကျရောက် စေခြင်း ဖြစ်ပါက မှိုရောဂါ ဖြစ်စေပါသည်။ ရောဂါ ကျရောက်သော၊ ရိပုပ်သော ကိုင်းများကို ဖြတ်တောက်ခြင်း၊ ရိပုပ်နေသော အသားကို ဓါး နှီးပြားနှင့် ခြစ်ချ၍ ကော့ပါးအောက်ဆိုဒ်ပါ မှိုသတ်ဆေးနှင့် လိမ်းပေးခြင်း၊ မှိုသတ်ဆေး မှန်မှန် ဖျန်းခြင်း ပြုလုပ်ရပါသည်။ နဂါးမောက် ကိုင်းများကို ဖြတ်ရာတွင် သုံးဆင့်မှ လေးဆင့် ကိုင်းအားလုံးကို ဖြတ်ထုတ်သင့်ပါသည်။ ကိုင်းဖြတ်ရာများကိုလည်း မှိုရောဂါမှ ကာကွယ်ရန် မှိုသတ်ဆေးတစ်ခုခု သုံးသင့် ပါသည်။ ကိုင်းဖြတ်စဖြတ်န များကို မှိုရောဂါ မကျစေရန် စိုက်ကွင်း အပြင်သို့ စွန့်ပြစ်ခြင်း၊ အပင်ပေါက် ပြန်ပျိုးခြင်းနှင့် မြေဆွေး ပြုလုပ်ရာတွင်သုံးခြင်း စသည်တို့ ပြုလုပ်ပါသည်။ နဂါးမောက်စိုက်ပျိုးခြင်း - ဦးကျော်နိုင် (အပိုင်း ၄/၅) မှာလည်း အသေးစိတ်လေ့လာလို့ရပါတယ်။

580 လွန်ခဲ့သော ၅ နှစ် က
580 လွန်ခဲ့သော ၅ နှစ် က

အခုလိုတွေ ခဏခဏဖြစ်လို့ပါ

အတည်ပြုပြီး 95,063 လွန်ခဲ့သော ၅ နှစ် က

ဘာအတွက် ဖျန်းချင်တာလဲရှင့်။ အဆင်ပြေရင် အပင်ပုံလေးပြပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။