ဖြေကြားချက် ၁ ခု
ကိုင်းဖြတ်နည်းကိုအသုံးပြုပြီး မျိုးပွားရာတွင် ၁။ ရာသီချိန်ခါရွေးချယ်ခြင်း မိုးဖြိုင်ဖြိုင်ရွာပြီးနောက် ပတ်ဝန်းကျင် အပူချိန်လျော့ကျသွားသော အချိန်အခါသည် ကိုင်းဖြတ်ပျိုးရန်သင့်တော်သော အချိန်အခါကောင်းဖြစ်ပါသည်။ ပူပြင်းလွန်းသောရာသီဖြစ်ပါက အောင်မြင်မှုရာနှုန်းလျော့နည်းလေ့ရှိပါသည်။ ၂။ မျိုးပင် ၊ မျိုးကိုင်း ရွေးချယ်ခြင်းနှင့်ပြင်ဆင်ခြင်း မျိုးပင် ။ ။မိမိ မျိုးပွားလိုသောအပင်သည် ကျန်းမာရေး အလွန်ကောင်းခြင်း (သို့) သစ်ရည်ပြည့်ဝပြီး အရောင်ရွှမ်းစိုတောက်ပသော အရွက်များရှိရပါမည်။ မျိုးကိုင်း။ ။မိမိ ပျိုးလိုသော ပျိုးပင်အမျိုးအစားပေါ် မူတည်ပြီး မျိုးကိုင်းရွေးချယ်မှုကွဲပြားနိုင်ပါသည်။ အရေးကြီးသည်မှာ မိမိရွေးချယ်သောမျိုးကိုင်းသည် မနုလွန်း မရင့်လွန်းပဲ အားကောင်းသန်မာသည့် မျိုးကိုင်းအားရွေးချယ်မှသာလျှင် ကျန်းမာ သန်စွမ်းသောပျိုးပင်များ ရရှိလာမည်ဖြစ်ပါသည်။ အရည်အသွေး ညံ့သော မျိုးကိုင်းအား ပျိုးမိပါက မသန်စွမ်းသော ပျိုးပင်များသာရရှိပါမည်။ ပျိုးပင်အမျိုးအစားကိုလိုက်ပြီး ဖြတ်ယူရမည့် မျိုးကိုင်းကွဲပြားနိုင်ပါသည်။ ဥပမာ။ ။ သပြေ ၊ ပန်းသနပ်ခါး၊ အစရှိသော အရိုးမာပြီးအရွက်သေးသော ပျိုးပင်များအား ပျိုးမည်ဆိုပါက မိခင်အပင်ကြီး၏ အပေါ်ပိုင်းရှိ နေရောင်ကောင်းစွာ ရရှိထားသော အရွက်ရင့်ပြီးသည့် ထိပ်ညွန့် အပိုင်းအား ၃/၄ လက်မ ခန့်ဖြတ်ယူ ပျိုးသင့်ပါသည်။ အချို့ အပင်များမှာအရွက်ကြီးလွန်းနေပါက အရွက်၏ တဝက် ( သို့) ၃ပုံ ၂ပုံ ခန့် ဖြတ်ချသင့်ပါသည်။ အကြောင်းမှာ အမြစ်မကျသေးခင် ပျိုးကိုင်းမှ ရေဓာတ်ဆုံးရှုံးမှုလျှော့ချရန် ဖြစ်ပါသည်။ အချို့ အဆစ်အလွန်စိတ်သော အပင်အား မျိုးပွားမည်ဆိုပါက အပင်၏ အညွန့်ပိုင်းအား မျိုးကိုင်းအဖြစ် ၂လက်မ ခန့်သာဖြတ်ယူသင့်ပါသည်။ ဥပမာ။ ။ ပုဏ္ဏရိတ် အပု၊ ဇလပ်ပု။ တချို့ပျိုးပင်များမှာ အလွန်သန်ပြီး ကိုင်းရှည်များ ထွက်တတ်ပါသည်။ ၎င်းကိုင်းများအား ပျိုးပါက ထိပ်ညွန့်သာမကပဲ အလယ်ရိုးများကိုလည်း ၃/၄ လက်မခန့်ပိုင်းဆစ် ပျိုးနိုင်ပါသည်။ ထိုသို့ပျိုးရာတွင် မြေထဲသို့ ထိုးစိုက်မည့် မျိုးကိုင်း၏ အောက်ခြေမှ အရွက်အနည်းငယ်အား ဖြုတ်ချပြီးမှ ပျိုးအိတ်အတွင်းသို့ ထိုးစိုက်ပျိုးရမည်ဖြစ်ပါသည်။ ဥပမာ။ ပန်းစက္က္ကူ၊ ထိုင်း ပျဉ်းမ၊ ပန်းအိ။ သတိပြုရန်မှာ ။ ။ ပျိုးကိုင်းမနာစေရန်အတွက် အလွန်ထက်ပြီးသန့်ရှင်းသော စိုက်ပျိုးရေးသုံး ကိရိယာများ အသုံးပြုရန်နှင့် ပျိုးကိုင်းအား အဆစ်ပိတ်ဖြတ်ရန်လိုအပ် ပါသည်။ အဆစ်ပိတ်ဆိုသည်မှာ အရွက်ထွက်သည့် အဆစ်၏ အောက်ကပ်လျက် နေရာမှဖြတ်ရန် ဖြစ်ပါသည်။ ကျန်းမာသန်စွမ်းသော မျိုးပင်မှ မျိုးကိုင်းကောင်းတစ်ခု ဘေးကိုင်း (သို့မဟုတ်) ကိုင်းညံ့ မျိုးကိုင်းအဖြစ် မသုံးသင့်သော ရွက်နုထွက်နေသည့် အကိုင်းနု မျိုးကိုင်းအား အောက်ခြေမှ အရွက်များခြွေပါ အရွက်ထွက်သည့် အောက်ခြေနားမှ ကပ်၍ အဆစ်ပိတ်ဖြတ်သည်။ ၃။ နေရာရွေးချယ်မှုနှင့် ပြင်ဆင်မှု ပျိုးကိုင်းများ ထားရှိမွေးမြူ မည့်နေရာ သည် လေဝင်လေထွက်ကောင်းခြင်း၊ အလင်းရောင် ကောင်းစွာရခြင်း၊ မြေအစိုဒါတ်ရှိခြင်း၊ နှင့် အေးမြသည့်နေရာ ဖြစ်ခြင်း စသည့် အချက်များနှင့် ပြည့်စုံသော နေရာ ဖြစ်ရပါမည်။ လိုအပ်ပါက အရိပ်စင် ထိုးပေးရပါမည်။ စင်အမြင့် သည် အနည်းဆုံး ၈ပေခန့် ဖြစ်သင့်ပါသည်။ မိမိနေထိုင်သည့် ဒေသ ၏ရာသီ ဥတုအခြေအနေ ကိုလိုက်ပြီး အသုံးပြုမည့် အရိပ်စ (nursery net) ရာခိုင်နှုန်း အနည်းအများကွဲပြားပါမည်။ ပေါင်းမိုးအတွင်း အစိုဒါတ်ထိန်းညှိပေးရန်နှင့် မိုးများခြင်းကြောင့်သော်လည်းကောင်း ၊ ရေဝင်ခြင်းကြောင့် သော်လည်းကောင်း ပျိုးအိတ်များအတွင်း ရေလွန်ကဲမှု မရှိစေရန် မိမိ ပျိုးမည့်ပျိုးအိတ်များအား ရေဝအောင် လောင်းထားသည့် အုတ်နီခဲ စီထားသော ပျိုးဘောင်များပေါ်တွင်ထားသင့်ပါသည်။သို့မဟုတ်ပါက မြေဘောင်မြင့်မြင့်ပေါ်တွင်လည်း ထားနိုင်ပါသည်။ သတိပြုရန်မှာ။ ။မျိုးကိုင်းစိုက်ပြီးသား ပျိုးအိတ်များအားနေ ရောင်ခြည် တိုက်ရိုက် မထိစေရပါ။ လေဝင်လေထွက်ကောင်းပြီး နေရောင်ကောင်းစွာရသော နေရာ ၄။ ပျိုးအိတ် ပျိုးအိတ်အရွယ်အစားမှာ မိမိပျိုးမည့် ပျိုးကိုင်း အကြီးအသေးပေါ်မူတည်ပြီး ပျိုးကိုင်းနှင့် လိုက်ဖက်ညီသော အရွယ်အစားရှိသည့် ပျိုးအိတ်ကိုသုံးသင့်ပါသည်။အများဆုံး အသုံးပြုလေ့ရှိသော ပျိုးအိတ်များမှာ ၃"-၄" နှင့် ၄"-၅" အိတ်များဖြစ်ပါသည်။ သတိပြုရန်။ ။ ပျိုးအိတ်အောက်ခြေအား အပေါက်ဖောက်ရန်ဖြစ်ပါသည်။ ၅။ ပျိုးအိတ်ထဲတွင် အသုံးပြုမည့် မြေ ပြင်ဆင်ခြင်း ရာသီဥတု နေရာ ဒေသ ပေါ်မူတည်ပြီး အသုံးပြုမည့်မြေ အမျိုးအစားကွဲပြားနိုင်ပါသည်။ ဥပမာ။ ။ ရန်ကုန်တွင် သဲနှင့်ဖွဲပြာ အသုံးပြုလေ့ရှိပြီး မန္တလေးမြို့တွင် မြစ်နုံးကိုအသုံးပြု လေ့ရှိပါသည်။ အရေးကြီးသည်မှာ ဇကာချပြီးသား နုံးမြေမှုံ (သို့) သဲဖွဲပြာစပ်မြေအား ပျိုးအိတ်အတွင်း တင်းကြပ်စွာ ထည့်ရန်လိုအပ်ပါသည်။အကြောင်းမှာ မျိုးကိုင်းစိုက်ပြီးနောက် မျိုးကိုင်းသည်မြေအိတ် အတွင်း လှုပ်ရှားမှုမရှိ ငြိမ်သက်စွာ အနေအထားမပျက်စေရန်ဖြစ်ပါသည်။ ပျိုးအိတ်အတွင်းသို့နုံး မြေမှုန့်တဝက်ခန်ထည့်ပြီး သည့်နောက် ပျိုးအိတ်အောက်ခြေ ထောင့် ၂ထောင့်အား လက်ညှိုးနှင့်လက်မ သုံးပြီး အတွင်းသို့ နှိုက်ထည့်ရန် လိုပါသည်။ ထို့နောက် ၎င်းအိတ်အား မြေပြင်ညီပေါ်တွင် ပျိုးအိတ်အောက်ခြေ ပြားပြီး ဝိုင်းနေစေရန်အတွက် ၄/၅ချက်ခန့် အသာအယာ ဆောင့်ပေးရန်လိုအပ်ပါသည်။ သို့မှသာ မြေပြင်ပေါ်တွင် တည်ငြိမ်စွာထောင်မတ် ထားနိုင်သော ပျိုးအိတ်ရရှိနိုင်မှာ ဖြစ်ပါသည်။ အိတ်အောက်ခြေမျက်နှာပြင် ညီစေရန် အိတ်ထောင့်စွန်း၂ဖက်အား လက်ညှိုးနှင့်လက်မ နှိုက်သွင်းပါ အိတ်အောက်ခြေရှိ အပေါက်ငယ်များ ၆။ မြေထည့်ပြီး ပျိုးအိတ်များအား ရေလောင်းခြင်း ပျိုးအိတ်များအတွင်းသို့ အသုံးပြုမည့် မြေ ထည့်ပြီးနောက် ပျိုးအိတ်များကို ရေလောင်းပေးရပါမည်။ ပျိုးအိတ်နဲပါက တစ်အိတ်ချင်း ရေလောင်းနိုင်သော်လည်း ပျိုးအိတ်များပါက ရေပန်းခရား(သို့) ပန်းမွှားတပ်ထားသော ရေပိုက်ဖြင့်လောင်းနိုင်ပါသည်။ ပျိုးအိတ်အောက်ခြေအထိ ရေရောက်အောင် လောင်းရပါမည်။ ရေလောင်းများသွားပြီး မြေအလွန်ပျော့နေပါက အခြေအနေပေါ်မူတည်ပြီး တစ်ရက် (သို့) နှစ်ရက်ခန့် စောင့်ရန်လိုပါမည်။ ပျိုးအိတ်အတွင်းရေများလွန်းပါက မျိုးကိုင်းပုပ်တတ်သကဲ့သို့ ရေနဲလွန်းပါက အမြစ်ကျနှောင့်နှေးတတ်သည့်အပြင် တခါတရံ လုံးဝ အမြစ်မကျသည်အထိ ဖြစ်တတ်ပါသည်။ ရေလောင်းပြီးနောက် ပျိုးအိတ်အတွင်းရှိ မြေသည် စိုပြီး ခပ်တင်းတင်းအနေအထားဖြစ်ပြီဆိုပါက ကိုင်းပျိုးရန် အကောင်းဆုံးအနေအထား ရပြီဖြစ်ပါသည်။ သတိပြုရန်မှာ။ ။ ရေလောင်းပြီး ချက်ချင်း ကိုင်းမပျိုးရန် နှင့် ရေလောင်းထားသော နုံးမြေ မှ ရေစစ်သွားရန် အချိန်အနည်းငယ် စောင့်သင့်ပါသည်။ မြေထည့်ပြီးသား ပျိုးအိတ်ကို ရေဝအောင် လောင်းထားပါ အုတ်နီခဲ စီခင်းထားသော ပျိုးဘောင်ပေါ်တွင် တွေ့ရသည့် စိုက်ပျိုးရန်အသင့်ရှိသော ပျိုးအိတ်များ ၇။ အိတ်အတွင်းသို့ မျိုးကိုင်းစိုက်ထည့်ခြင်း ဆေးရရှိ နိုင်မှု အခြေအနေ နှင့် တစ်ဦးချင်း၏ အကြိုက်ပေါ်မူတည်ပြီး ပျိုးအိတ်အတွင်းသို့ ထိုးစိုက်မည့် မျိုးကိုင်း၏အောက် ထိပ်ဖျားအား အမြစ်ကျမြန်စေရန် အမြစ်ကျဆေး(root grow) အသုံးပြုလေ့ရှိပါသည်။ ၎င်းဆေးတို့ပြီး နောက် မျိုးကိုင်းအား ပျိုးအိတ်အတွင်းသို့အနက် တစ်လက်မခန့် ထိုးစိုက်ပြီး ပျိုးကိုင်းအောက်ခြေရှိ မြေအား သိပ်ပေးရပါမည်။ အကြောင်းမှာ ပျိုးကိုင်းသည် မြေအိတ်အတွင်း တည်ငြိမ်နေစေရန်အတွက် ဖြစ်ပြီး မငြိမ်ပါက အမြစ်ကျချိန် နောက်ကျြ ခင်း ေ သာ် လည်းကောင်း ကျပြီးသော အမြစ်သစ်ြ ပတ် ထွက်တတ်ခြင်း သော်လည်းကောင်း ဖြစ်တတ်ပါသည်။ မျိုးကိုင်း တည်ငြိမ်နေစေရန် မျိုးကိုင်းစိုက်ပြီး အောက်ခြေကို လက်ဖြင့်သိပ်ပေးပါ။ ၈။ ပျိုးအိတ်များအားထားသိုပုံ မျိုးကိုင်းစိုက်ပြီးသော ပျိုးအိတ်များအား ရေငွေ့ဆုံးရှုံးမှု မရှိစေရန်အတွက် ပျိုးပင်နည်းပါက ပလပ်စတစ်အိတ်တွင် အလုံထည့် ပြီးသော်လည်းကောင်း၊ ပျိုးပင်များပါက ပလပ်စတစ်ပေါင်းမိုးများ ပြုလုပ်ပြီးသော်လည်းကောင်း ထာရှိရပါမည်။ ပလပ်စတစ်ပေါင်းမိုးနှင့်ထားခြင်းသည် ပျိုးပင်အစို ဓာတ်ရစေရန် ရည်ရွယ်သဖြင့် မိုးများသော အရပ်ဒေသများတွင် အလုံပိတ်ထားသော ပလပ်စတစ်ပေါင်းမိုး မလိုအပ်နိုင်ပေ။ သတိပြုရန်မှာ။ ။ ပလပ်စတစ်ပေါင်းမိုး အတွင်းရှိပျိုးအိတ်များသည် ပလပ်စတစ်ပေါင်းမိုး၏ အတွင်းနံရံ နှင့်ထိကပ်မနေရပါ။ အကြောင်းမှာ ပေါင်းမိုး၏ အတွင်းနံရံ တွင်စုနေသော ချွေးပေါက်များသည် ထိကပ်နေသော ပျိုးအိတ်အတွင်းသို့ စီးဝင်လာတတ်သောကြောင့် မျိုးကိုင်းအား ထိခိုက်ပျက်စီးစေတတ်ပါသည်။ ပေါင်းမိုး ရေအစို ဓာတ်ထိန်းစေရန် ဖြစ်သဖြင့် အချို့သော စိုစွတ်သည့် ဒေသတွင် ပေါင်းမိုးမလိုပါ။ ၉။ ပျိုးအိတ်များအားထိန်းသိမ်းစောင့်ရှောက်ပြုစုခြင်း ပျိုးပင်များစတင်ပျိုးပြီးနောက် တစ်ရက် နှစ်ရက်ခန့် အကြာတွင် ပလပ်စတစ်ပေါင်းမိုး ၏ အတွင်းနံရံတွင် ရေစက် ငယ်များ ကပ်နေသည်ကို တွေ့ ရပါမည်။ ၎င်းမှာ ကောင်းသော လက္ခဏာ ဖြစ်ပါသည်။ ထိုသို့ ရေမှုန်များ ကပ်မလာပဲ ပေါင်းမိုးအတွင်းအစို ဓာတ် နည်းနေပါက ဆေးဖြန်း ကိရိယာ ဖြင့် ရေမှုန်များ ဖြန်းပက်ပေးရပါမည်။ မျိုးကိုင်းစတင်ပျိုးပြီး တစ်ပတ်ခန့်အကြာတွင် အချို့ ပျိုးကိုင်းမှ အရွက်အချို့ ဝါပြီးကြွေကျ လေ့ရှိပါသည်။ ၎င်းအရွက်ကြွေများအား အခါအားလျော်စွာ သန့်ရှင်းရေးပြုလုပ်ပေးရပါမည်။ ပေါင်းမိုးအတွင်း တခါတရံ မှိုရောဂါ ကျရောက်ပါက ပင်လုံးပြန့် အာနိသင်ရှိသောမှိုသတ်ဆေး ဖြန်းပေးရန် လိုအပ်ပါသည်။ သို့သော် copper ပါသော မှိုသတ်ဆေးအားရှောင်ကြဉ်သင့်ပါသည်။ တော်ဝင်သပြေကဲ့သို့ အချိန်ကြာမြင့်စွာ ပျိုးရသော အချို့ အပင်အမျိုးအစား ပျိုးပင်များတွင် ပိုးမွှားများ( mealy bug) ကျရောက်နေပါက ပျိုးပင်ငယ်များ၏ အမြစ်နုများအား ပျက်စီးစေပြီး နေရာကွက်ပြီး ပျိုးပင်များသေနေတတ်ပါသည်။ထိုအခါတွင် ပင်လုံးပြန့် အာနိသင်ရှိသော ပိုးသတ်ဆေး ဖြန်းပေးရန်လိုအပ်ပါသည်။ ပျိုးထားသော ပျိုးအိတ်များရေခြောက်နေပါက လည်းရေ အနည်းငယ်လောင်းပေးရန် လိုအပ်ပါသည်။ တခါတရံ အချိန်ကြာမြင့်စွာ ပျိုးရသော မျိုးကိုင်းများ ပျိုးထားချိန်တွင် မိုးများခြင်း၊ (သို့) ရေကြီးရေလျံခြင်းကြောင့် ပေါင်းမိုးအတွင်း အစို ဓာတ်များလွန်းကာ ပေါင်းမိုးအတွင်းနံရံ တွင် ရေညှိများ တက်လာတတ်ပါသည်။ ထိုအချိန်တွင်အစို ဓာတ်လျှော့ရန်အတွက် ပလပ်စတစ်အား အတွင်းအပြင်လှန်ပြီး ပြန်လည် မိုးပေးခြင်းဖြင့် ပေါင်းမိုးအတွင်းရှိ အစို ဓာတ်လျှော့ချနိုင်ပါသည်။ တခါတရံ ပတ်ဝန်းကျင် အပူလွန်ကဲနေပါက ပေါင်းမိုးအား ရေပက်ပေးခြင်းဖြင့် ပေါင်းမိုးအတွင်းရှိ အပူချိန်အား လျှော့ချနိုင်ပါသည်။ ကောင်းသောလက္ခဏာဖြစ်သည့် ပေါင်းမိုးအတွင်း အစို ဓာတ်ရှိကြောင်းကိုပြသော အတွင်းနံရံ ချွေးပြန်နေပုံ ၁၀။ အမြစ်ကျဆင်းနိုင်မှုအခြေ အနေ မိမိပျိုးထားသော ပျိုးပင်အမျိုးအစား နှင့်ကိုင်းအမာ အပျော့ ပေါ် မူတည်ပြီး အမြစ်ကျသော အချိန် အနည်းအများ ကွာဟမှုရှိပါသည်။ တချို့ အပင်ပျော့ မျိုး များသည် ရက်အနည်းငယ်အတွင်း အမြစ်စတင် ကျလေ့ရှိပြီး အချို့ ကိုင်းမာသော အပင်အမျိုးအစားများမှာ ၂လ /၃လ မှ ၅လ/၆ လ အထိကြာမြင့်တတ်ပါသည်။ ၁၁။ ပျိုးပင်များအားရွေးချယ်ထုတ်ယူခြင်း များသောအားဖြင် အပင်ပျော့ ပျိုးပင်များသည် အမြစ်ကျ မြန်ပြီး ပျိုးပင်အများစုမှာ တပြိုက်နက်တည်း အမြစ်ကျလေ့ရှိပါသည်။ ၎င်းအခြေအနေမျိုးတွင် ပလပ်စတစ်ပေါင်းမိုး၏ ထိပ်နှစ်ဖက်ကို တစ်ရက်မှ နှစ်ရက်ခန့် ကြာအောင် ဖွင့်ထားပြီး နောက်ပိုင်းတွင်မှ ပေါင်းမိုးတခုလုံး ဖွင့်ပေးရပါမည်။ ထိုသို့ ပြုလုပ်ခြင်းမှာ ပေါင်းမိုးအတွင်းရှိပျိုးပင်အား ပြင်ပ အခြေအနေ နှင့် လိုက်လျော ညီထွေမှု ရှိစေရန် တဖြည်းဖြည်းချင်း ပြောင်းလဲပေးခြင်းဖြစ်ပါသည်။ ထိုသို့ ပြင်ပ ပတ်ဝန်းကျင်နှင့် တဆင့်ချင်းထိတွေ့မပေးပဲ ပေါင်မိုး တခုလုံးအား တပြိုင်ထဲ ဖွင့်လိုက်ပါက အချို့ပျိုးပင်များသည် ရုတ်တရက်အခြေအနေ ပြောင်းလည်းသည့်ဒဏ်ကို မခံနိုင်ပဲ အညွန့်နုများ ညှိုးတတ် ခြောက်တတ်ပါသည်။ အချို့ ကိုင်းမာသော အပင်အမျိုးအစားမျိုးကိုင်းများသည် အမြစ်ကျနောက်ကျပြီး ပျိုးပင်တစ်ပင် နှင့်တစ်ပင် အမြစ်ကျချိန်မတူညီတတ်ပါ။ ထိုအခြေအနေမျိုးတွင် အမြစ်ကျပြီးသားပျိုးပင် များအား သီးခြားရွေးထုတ်ယူပြီးနောက် အမြစ်မကျသေးသော ပျိုးပင်များအား ပေါင်းမိုးအတွင်းအမြစ် ကျသည်အထိ ဆက်လက်မွေးရပါမည်။ ရွေးထုတ်ပြီးသား ပျိုးပင်များအား နေရောင် ခပ်ပျောက်ပျောက်ရသော နေရာ မှ တဆင့် နေရောင်ခြည် ပိုမို ရသော နေရာသို ပျိုးပင်၏ အမျိုးအစား နှင့် အခြေ အနေ ပေါ် မူတည်ပြီး အဆင့်ဆင့် ပြောင်းရွှေ့ ပေးရန်လိုအပ်ပါသည်။ ထို့နောက် ၎င်းပျိုးပင် ငယ်များအား ပျိုးအိတ်အကြီးများထဲတွင် ပြောင်းရွှေ့ စိုက်ပျိုးနိုင် သော ပျိုးပင်များ အဖြစ်သို့ရောက်ရှိပြီဖြစ်ပါသည်။ မှတ်ချက် မိမိ၏ နှစ် ၂၀ ကျော် စိုက်ပျိုးရေး အတွေ့ အကြုံ များ အပေါ် အခြေခံ ပြီး သိရှိထားသမျှကို မချွင်းမချန် ရေးသား တင်ပြထားခြင်း ဖြစ်ပါသည်။ဖတ်ရှုသူ မိတ်ဆွေတို့ အနေနှင့် အကျိုးတစုံတရာ ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ ဒေါက်တာအုန်းမြင့်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ညီမကအလယ်ပိုင်းဒေသကအကြံလေးတွေစေချင်တယ်ရှင့်
ဖြေကြားချက် 2 ခု
သပြေငုတ် စိုက်ပျိုးနည်း လမ်းညွှန်ပေးပါဦး
ဖြေကြားချက် 1 ခု
ဒီလိုပိုးတွေကျနေတာဘာဆေးဖြန်းရမလဲဗျ
ဖြေကြားချက် 5 ခု
ဗောဓိညောင်ပင် အပင်ငယ်များ ဖြစ်ထွန်းဖို့အတွက် ပြုစုစောင့်ရှောက်ရမည့် နည်းလမ်းများကို ဆရာများမှ မေတ္တားထား၍ နည်း...
ဖြေကြားချက် 1 ခု
အာဆီယံ သပြေကို ကတ်တင်ထိုးပြီးမျိုးပွားရလား၊နည်းလေးမျှဝေပေးပါရန်။
ဖြေကြားချက် 1 ခု