ဖြေကြားချက် ၂ ခု
ဘဲအစာစပ်နည်း -------------- ဘဲစာစပ်သည့်အခါ ပရိုတိန်းဓါတ်၊ ဗီတာမင်ဓါတ်နှင့် သတ္တုဓါတ်များ အမျိုးအစားမှန်ကန်တိကျစွာ ပါရှိရန် အရေးကြီးပါသည်။ တဖန်ဘဲစာကို ဘဲငယ်များ (၆ပတ်သားအောက်)၊ ၊မျိုးဘဲကြီးစာ နှင့် အသားတိုးဘဲစာဟူ၍ အချိုးစားချင်းမတူပဲ စပ်ယူသင့်သည်။ မြန်မာနိုင်ငံအတွင်း ရရှိနိုင်သော ဒေသထွက်အစာများနှင့် နမူနာစပ်စာများ ဘဲငယ်စပ်စာ နမူနာ ------------------ ဖွဲနု ၂၀.၅ ဆန်ကွဲ ၁၅.၀ နှမ်းဖတ် ၁၆.၀ ပဲဖတ် ၉.၀ ပြောင်းဝါ ၂၃.၀ ပုဇွန်ဖြုန်း ၁၅.၀ ခရုခွံ ၁.၀ ဆား ၀.၅ မျိုးဘဲစပ်စာ နမူနာ ------------------- ဖွဲနု ၂၅.၅ ဆန်ကွဲ ၂၀.၀ နှမ်းဖတ် ၁၂.၀ ပဲဖတ် ၇.၀ ပြောင်းဝါ ၂၀.၀ ပုဇွန်ဖြုန်း ၁၀.၀ ခရုခွံ ၅.၀ ဆား ၀.၅ အသားတိုးဘဲစပ်စာ နမူနာ -------------------- ဖွဲနု ၂၃.၀ ဆန်ကွဲ ၂၅.၀ နှမ်းဖတ် ၁၀.၀ ပဲဖတ် ၁၀.၀ ပြောင်းဝါ ၂၅.၀ ပုဇွန်ဖြုန်း ၅.၀ ခရုခွံ ၁.၀ ဆား ၀.၅ #Dip LPAသင်ရိုးမှ ကူးယူဖော်ပြပါသည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ထိုင်းဘဲအကောင်120မွေးထားပါတတယ် တစ်နေ့40လောက်ပဲဥတယ် ပုဇွန်ခြောက်ဖွဲ /ဇကွဲ/စပါးကျွေးတယ် 4ပတ်ရှိပြီ ဥနှုန်းက မတက်...
ဖြေကြားချက် 8 ခု
ဘဲမွေးမြူရေးအကြေင်းသိချင်လို့ပါ
ဖြေကြားချက် 2 ခု
ဘဲမွေးမြူရေးအကြောင်းသိပါရစေ
ဖြေကြားချက် 3 ခု
ဘဲသားဖောက်စက်ကို အိမ်တနိုင်တပိုင်အဖြစ်အလုံး10 ဖောက်လို့ရတဲ့စက်ရှိနိုင်ပါသလား
ဖြေကြားချက် 1 ခု
ကာကီကင်းဘဲစမွေးချင်လို့သိချင်တာလေးရှိလို့ပါ ၁ ဘဲသက်ဘယ်လောက်မှာစဥပါသလဲ? ၂ ဘယ်အရွယ်မှာအတောင်ချပါသလဲ? ၃ အ...
ဖြေကြားချက် 6 ခု