အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မွေးမြူရေးဘဲများကို အစာကျွေးနည်း

မွေးမြူရေးဘဲများကို အစာကျွေးနည်း

ဘဲမွေးမြူရေးလုပ်ငန်း အောင်မြင်ဖို့အတွက် ဘဲစာကိစ္စအား မလွဲမသွေဂရုစိုက်ရန် လိုအပ်ပါသည်။ ဘဲများသည် သဘာဝအားဖြင့် အသက်(၆)လကျော်သော် အင်း၊ အိုင်၊ မြစ်၊ ချောင်း၊ မြောင်းများထဲ၌ သဘာဝအစားအစာများကို ရှာဖွေစားသောက်တတ်သော အလေ့အထရှိကြသည်။ ထို့ကြောင့် (၆) လအရွယ်မတိုင်မီကာလတွင် ဘဲစာမှန်မှန်ကျွေးရမည်ဖြစ်သည်။

အစားအစာ ကောင်းစွာမစားရသော ဘဲမှဥသည့် ဘဲဥများသည် အချိန်မစီးဘဲ ပေါ့နေတတ်ပြီး အာဟာရဓာတ်ပြည့်ဝစွာစားရသော ဘဲမှဥသည့် ဘဲဥသည် အလေးချိန်စီးနေတတ်သည်။

ဘဲအနည်းအကျဉ်း မွေးမြူသူများအဖို့ (ကျေးလက်ဒေသများတွင်) ဝင်းခြံများထဲ လွှတ်ထားလိုက်ပါက အစာသီးသန့် ကျွေးစရာမလိုပေ။ သို့သော် စီးပွားဖြစ် ဘဲမွေးမြူရေးကို လုပ်ကိုင်သည့်အခါ ဖြစ်သလိုလွှတ်ထားပြီး မမွေးသင့်ပေ။ ဘဲစာများ စနစ်တကျပြုလုပ်၍ ကျွေးရန်လိုအပ်သည်။ သို့မှသာ ဘဲများကျန်းမာသန်စွမ်းပြီး လုပ်ငန်းအောင်မြင်နိုင်ကြောင်း သတိပြုသင့်သည်။

အလွယ်တကူရရှိနိုင်ပြီး စရိတ်စက အကုန်အကျများစွာ မကုန်ကျသော ဘဲစာမှာမူ- ပုစွန်(သို့) ဆန်ကွဲရောစပ်ထားသည့် ဘဲစာကို နံနက်(၆-၇)နာရီအတွင်း ကျွေးသင့်သည်။ မနက်စောစောပိုင်းအချိန် ကျွေးနိုင်ပါက ပိုကောင်းပါသည်။ အစာကျွေးရာတွင် ညဘက်အိပ်တန်းတက်ရာမှ အပြင်သို့မထွက်မီ ကျွေးသင့်သည်။ ဘဲ၏သဘာဝမှာ နံနက်စောစော မျက်လုံး(၂)လုံးပွင့်သည်နှင့်တစ်ပြိုင်နက် အစာစားလိုသောဆန္ဒရှိသည့်အတွက် နံနက်စောစောကျွေးပါက ပိုကောင်းသည်ဟု ဆိုခြင်းဖြစ်ပေသည်။

ဘဲအစာစပ်ရာတွင် ပရိုတင်းဓာတ်၊ ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်များသည် ဘဲအရွယ်အလိုက်ကွာခြားမှုရှိသည်။ ဘဲငယ်ကလေးများသည် ကြီးထွားဆဲအချိန်တွင် ပိုမိုလျှင်မြန်စွာဖွံ့ဖြိုးရေးအတွက် အစာပိုလိုအပ်သည်။ ဘဲငယ်ကလေးများအား အစာနု(အခြောက်) သို့ (အစို) ကို တစ်နေ့ (၄-၆) ကြိမ်အထိ ကျွေးမွေးသင့်သည်။ ထို့နောက် အစာကျွေးသည့်အကြိမ်အရေအတွက်ကို တဖြည်းဖြည်းလျှော့သွားသင့်သည်။ သင့်တော်သည့် ဘဲစာအချိုးအစားမှာ အောက်ပါအတိုင်းဖြစ်သည်။

ပရိုတင်းဓာတ်ပါသည့် အစာများတွင် ငါးမှုန့်နှင့် ပုစွန်ဖွဲသည် အာဟာရဓာတ်ကြွယ်သည့် အစာဖြစ်သည်။ သို့သော် ထိုအစာများကို ဘဲများအားကျွေးပါက ပုစွန်ဖွဲကို အထူးသတိထားစရာမလိုဘဲ ငါးမှုန့်ကို လတ်ဆတ်ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးပြီးမှသာ ဘဲအစာအဖြစ် ပြုလုပ်ကျွေးမွေးသင့်ပါသည်။ မလတ်ဆတ်သည့် ငါးပုတ်များဖြစ်နေလျှင် မကျွေးသင့်ပါ။ ကျွေးမိပါက ဘဲများတွင် ရောဂါရ၍ သေဆုံးနိုင်သည်။

ဘဲအစာစပ်ရာတွင် ပရိုတင်းဓာတ်၊ ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်များ အချိုးအစားမှန်ကန်စွာပါရှိရန် အရေးကြီးသည်။ ထို့ပြင် ဘဲငယ်အစာ၊ မျိုးဘဲအစာ၊ အသားတိုးဘဲစာဟူ၍ အမျိုးအစားမတူဘဲ စပ်ယူသင့်သည်။ မြန်မာနိုင်ငံတွင် အလွယ်တကူရရှိနိုင်သည့် ဗီတာမင်နှင့် သတ္တုဓာတ်များကို အောက်ပါအတိုင်း အချိုးအစားမှန်ကန်စွာ စပ်ယူပါကလည်း အကောင်းဆုံးဘဲစာကို ရရှိနိုင်မည်ဖြစ်သည်။ ၄၂ ရက်သားအောက် ဘဲငယ်များအတွက် ၂ အောင်စ၊ ၄၂ ရက်သားမှ ၈၄ ရက်သား (၁၂ ပတ်)ကို ၃.၅ အောင်စ၊ ၁၂ ပတ်သားနှင့်အထက်အား (၅-၆) အောင်စအထိ ကျွေးသင့်သည်။ ဤအစာနှုန်းမှာ တစ်ကောင်ကျွေးနှုန်းဖြစ်သည်။

ပြောင်းပေါသောဒေသများတွင် အောက်ပါဇယားဖြင့် ဖော်ပြထားသော အစာနုကို ပုစွန်(၂)ဆ တိုးပါ။

ဘဲကြီးများကို တစ်ကောင်လျှင်(၃)အောင်စနှုန်းဖြင့် ကျွေးပြီး ညနေပိုင်းတွင် ပြောင်းစေ့ကျွေးသင့်သည်။ ဘဲလတ်နှင့်ဘဲကြီးများကို အစာခြောက်ကျွေးနိုင်သည်။ သို့သော် အစာများကို စိုထိုင်းရုံမျှ ရေဖြင့်နယ်၍ ကျွေးနိုင်သည်။ အသားစားဘဲများ မွေးမြူသူသည် အစာကျွေးရာတွင် အထူးဂရုစိုက်သင့်ပါသည်။ အသားစားဘဲများ ထုတ်လုပ်ရန် အကောင်းဆုံးအချိန်မှာ (၁၀-၁၄)ပတ်အတွင်းဖြစ်ရာ (၆-၁၂) ပတ်အတွင်း ကောင်းစွာဝဖြိုးနေစေရန် အစာကိုဂရုစိုက်ကျွေးမွေးရပါမည်။ အသားစားဘဲများအား အသက်(၈)ပတ်မှစ၍ နောက်ပိုင်း မရောင်းချမီအချိန်အထိ အသားတိုးစာဖိ၍ကျွေးသင့်သည်။ ထိုသို့ကျွေးရာတွင် အစာအစို (သို့) အစာခြောက်ကျွေးနိုင်သည်။

ငါးကြီးဆီ  - ၂ %

နို့မှုန့်        - ၁၀ %

ဆန်ကွဲ     - ၂၀ %

ဖွဲနု          - ၄၀ % ကျွေးနိုင်ပါက ပို၍ကောင်းပါသည်။

ဘဲများ အချိန်တိုတိုနှင့် သန်မာထွားကျိုင်းပြီး ဖွံ့ဖြိုးစေရန် အရေးကြီးဆုံးမှာ အာဟာရဓာတ်ကြွယ်ဝသည့်အစာများကျွေးခြင်းပင်ဖြစ်သည်။

အာဟာရဓာတ်ကြွယ်ဝသည့်အစာများမှာ ဘဲအတွက် အရေးကြီးသကဲ့သို့ သောက်ရေခွက်များနှင့် အစာခွက်များကိုလည်း ဂရုစိုက်ရန်လိုအပ်လှပါသည်။

ရေးသားသူ - ဦးဇော်(dof)

ကိုးကား - မွေးမြူနည်းပညာစာအုပ်မှ ကောက်နှုတ်ချက်များ

ko kyaw Aung

ko kyaw Aung

လွန်ခဲ့သော ၃ နှစ် က

ရပါတယ် ဗေဒါ ကန်စွန်း ရွက်စင်း ကျွေ့နိုင်ပါတယ် ဘီတာမင် A နဲ့ သံဓာတ်တွေရရှိပါတယ်

ko kyaw Aung

ko kyaw Aung

လွန်ခဲ့သော ၃ နှစ် က

၃ ကြိမ် ပါ

မျိုးထက်အောင်

မျိုးထက်အောင်

လွန်ခဲ့သော ၄ နှစ် က

ဘဲများကို ဗေဒါစင်းရွေ့ကျွေးလို့ရပါသလားခင်ဗျာ

paing

paing

လွန်ခဲ့သော ၄ နှစ် က

ခြံလှောင်မွေးမယ်ဆို တစ်နေ့ အစာ ဘယ်နှစ်ကြိမ်ကျွေး ရလဲခင်ဗျ ဘယ်အချိန်တွေကျွေးသင်လည်းဗျ

ညီညီ

ညီညီ

လွန်ခဲ့သော ၅ နှစ် က

အစာပြည့်မှီ‌‌ေအာင်‌ေကြွးခြင်းနှင့် ရေကစားနိုင်အောင်ဆောင်ရွက်ပေးခြင်းတို့သည် ဘဲကို ဥကျနုန်းမြင့်မားလာစေသည်။တချို့ဘဲမွေးမြူသူတို့သည်။အဟာရပြည့်မှီရန် တီကောင်ကိုပါ အဟာရအင်းဆစ်အနေဖြင့် စနစ်တကျမွေးမြူကြသည်။ဘဲမွေးမြူသူသည် တီမွေးမြူခြင်းကို လေ့လာထားသင့်သည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်ခင်ဗျ။

ဦးအာကာမင်း • ဖြေကြားချက် 1 ခု

နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ

Min Maung • ဖြေကြားချက် 2 ခု

ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။

Min Soe • ဖြေကြားချက် 1 ခု

ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း

Kyaw Thu Lin • ဖြေကြားချက် 1 ခု

Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ

ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။