သံပုရာ(ကိုင်းကူး) ချစိုက်ထားတာ ၂၅ ရက်လောက်ရှိပါပီ .. ပုံမှာပြထားတဲ့အတိုင်း ဖြစ်နေလို့ပါရှင့် .. စိုက်ခင်းမြေက မူရင်းရွှံ့စေးမြေကို နုံ့းဖြည့်ပီး စိုက်ထားတာပါ .. ပိုးမွှားရောဂါလား အာဟာရဓါတ်လိုတာလား မသိလို့ပါရှင့်
ဘက်တီးယားရောဂါပိုးကြောင့် ဖြစ်တဲ့ ရှောက်သံပုရာ ကန်ကာရောဂါဖြစ်ပါတယ်။ အပင်အကြီးအငယ်အကုန်လုံးမှာ ဖြစ်နိုင်ပါတယ်။ အသီးတွေမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အထွက်နှုန်းနဲ့ ဈေးကွက်ကို ထိခိုက်နိုင်ပါတယ်။ သဘာဝဆေးတွေနဲ့တော့ ကုသနိုင်တာအခုထိမတွေ့ရသေးပါဘူး။ ဓာတုဆေးဖျန်းပေးဖို့လိုပါတယ်။ ကောပါးအောက်ဆီကလိုရိုက် (Copper Oxychloride 50.0% WP) ကို အညွန်းပါအတိုင်း ဖျန်းပေးပါဗျ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရှောက်ပင် သံပုရာပင် အသီးမသီးလို့ ဘာလုပ်ပေးရမလဲမသိဘူးခဗျ
ဖြေကြားချက် 2 ခု
သံပုရာပင်ကိုင်းကူးနည်းဖော်ပြပါ
ဖြေကြားချက် 0 ခု
သံဖရာပင်အကြောင်းသိကောင်းစရာများ
ဖြေကြားချက် 3 ခု
ဘာဈေးတွေဘယ်လောက်တက်တက်၊တို့သံပုရာသီးဈေးကမတက်။
ဖြေကြားချက် 4 ခု
phosphorus (သို့) phosphorus အချိုးအစားများများပါတဲ့ ဓါတ်မြေသြဇာ သဘာဝမြေသြဇာက ဘာတွေလဲ ခင်ဗျ
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။