ရုံးပတီအပင်မှာပုရွက်ဆိတ်အနီရောင်တွေရောက်နေပါတယ်,ခုမှအိမ်မှာစိုက်တာစိုတော့ဘယ်လိုလုပ်ရမလည်းကုညီပေးကြပါ,အခုမှစစိုက်တာပါ
ဆေးရွက်ကြီး (TOBACCO) ပိုးသတ်ဆေးရည် ဆေးရွက်ကြီးဆေးရည် ကိုယ်တိုင်လုပ်နည်းကို ဒီဆောင်းပါးမှာလေ့လာပါ။ စာတန်းကိုနှိပ်ပြီးလေ့လာနိုင်ပါတယ်။
ပုရွက်ဆိတ်တွေက အပင်ကိုတိုက်ရိုက်ဖျက်ဆီးတာမျိုးမဟုတ်ပါဘူး။ အစေ့ကနေချစိုက်ထားလို့ အစေ့ကိုစားလိုက်ပြီးအပင်မပေါက်လာနိုင်တာမျိုး၊ အပင်ညှိုးသေတာမျိုး နဲ့ တိုက်ရိုက်တတ်တာပါ။ အခုလူကြီးမင်းအပင်မှာ အရွက်ကိုခြစ်စားတဲ့ ဖျက်ပိုးလိုမျိုးကျရောက်နေတယ်ထင်ပါတယ်။ ရွက်ထွင်းပိုးလိုမျိုး ပိုးရှိမရှိစစ်ဆေးပြီး ပိုးကျရောက်နေတဲ့အပင်အစိတ်အပိုင်းတွေကိုဖယ်ရှားလိုက်ပါ။ ဆေးရွက်ကြီးလို သဘာဝဆေးကိုလည်းဖြန်းပေးလို့ရပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မျိုးစေ့မြှုပ်တဲ့အခါ အပင်လေးဖြစ်မလာခင် ပရွက်ဆိတ် ပရစ် ဂဏန်း တို့၏ အန္တရာယ်ကိုကာဖို့ဘလိုလုပ်ရမယ်ဆိုတာ နည်းလမ်း...
ဖြေကြားချက် 1 ခု
ရန်ကုန်မြို့တွင် စိုက်ပျိုးရေးသုံးပစ္စည်းများ မျိုးစေ့များ အစုံရနိုင်မည့် ဆိုင်များရှိရင် သိချင်ပါတယ် ခဗျာ
ဖြေကြားချက် 4 ခု
ရုံးပတီဖြုတ်စိမ်းကျလို့ဆေးလေးပြောကြပါ
ဖြေကြားချက် 2 ခု
ဘယ်လိုစိုက်ရမလဲသိချင်လို့ပါ
ဖြေကြားချက် 2 ခု
မြေတေကအရမ်းစီးကပ်ပီးကျစ်နေတယ် ကျပ်မြေအမျိုးစားတေပါ အပင်တေသိပ်မဖြစ်ဘူးပီးတေ ာ အပင်ပေါက်စလေးတေမှာပိုးကိုက်ရာလေး...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။