အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၅ နှစ် က · အုတ်ဖို

မင်ဂလာပါ ကျွန်တော်က ပဲခူးတိုင်းအနောက်ခြမ်းကလယ်သမားတဦးပါ။ လယ်ထဲမှာ ရတနာတိုးစပါးမျိုးစိုက်တာ ဖုံးလုံးနေပါပြီ။...

မင်ဂလာပါ ကျွန်တော်က ပဲခူးတိုင်းအနောက်ခြမ်းကလယ်သမားတဦးပါ။ လယ်ထဲမှာ ရတနာတိုးစပါးမျိုးစိုက်တာ ဖုံးလုံးနေပါပြီ။ဘေးလယ်ကွင်းက ဆင်းသုခမျိုးစိုက်ပြီး ယခုဖြုတ်ပိုးကျလို့ ဆေးဖြန်းနေရပါတယ်။ကျွန်တော့်စပါးပင်တွေကိုတော့လောလောဆယ်မကူးသေးဘူးဗျ။ကျွန်တော်သိချင်တာက ***ဖုံးလုံးနေချိန် မြေဆီပက်မလို့စီစဉ်ထားတာဖျက်ပြီး ပိုးသတ်ဆေးပဲ ကြိုကာကွယ်ပြီးပက်ထားရင်သင့်တော်ပါသလားခင်ဗျာ။ ***ပိုးသတ်ဆေးပက်လိုက်ရင် အပင်အားနည်းပြီး ဖုံးလုံးတာကို ထိခိုက်သွားမလား။ ***ပိုးသတ်ဆေးပက်ပြီးဘယ်လောက်ကြာမှ မြေဆီပက်ဖို့သင့်ပါသလဲဗျာ

ပိုးမွှားရောဂါ စပါး စပါးဖြုတ်ပိုး
3

ဖြေကြားချက် ၃ ခု

464 လွန်ခဲ့သော ၅ နှစ် က

တချိန်ထဲ လုပ်လဲရပါာယ် ဆေးက ဆေးအလုပ်မြေဆီကမြေဆီ အလုပ် လုပ်လိမ့်မယ် အချိန်က တိုတို ပဲကျန်တော့ တာမို့ပါ

464 လွန်ခဲ့သော ၅ နှစ် က

မထိခိုက်နိုင်ပါဘူး

အတည်ပြုပြီး 323,967 လွန်ခဲ့သော ၅ နှစ် က

ဟုတ် ဖြုတ်ပိုးက ထိုင်းက သုတေသနအရ ပိုးသတ်ဆေးများများသုံးတဲ့စိုက်ခင်းတွေမှာ ပိုပြီး ဆိုးဝါးတာကို တွေ့ရပါတယ်။ ဖြုတ်က ကူးလာတာမြန်ပေမယ့် မကျသေးဘဲတော့ ကြိုဖြန်းမထားစေချင်ပါဘူး။ ကိုယ့်အခင်းထဲမှာ အကောင်စတွေ့ပြီဆိုတော့မှ ဖျန်းဖို့အကြံပြုလိုပါတယ်။ ပိုးသတ်ဆေးက အပင်ကို အားတိတ်စေတာတော့ အမှန်ပါပဲ။ ဒါကြောင့် မလိုအပ်သေးဘဲ မဖျန်းစေချင်တာပါ။ နောက် မြေဆီကတော့ ဆေးဖျန်းပြီးပြီးချင်းပက်နိုင်ပါတယ်။ ပုလဲတစ်မျိုးပဲပက်ရင်တော့ အပင်ကနုသွားတဲ့အတွက် ဖြုတ်တင်မကဘူး အခြားပိုးတွေအကြိုက်ဖြစ်မှာပါ။ ဒါကြောင့် ပုလဲတစ်မျိုးထဲမဟုတ်ဘဲ အပင်ရဲ့ ကိုယ်ခံအားပါတက်အောင် ပိုတက်ပါ ထည့်ပေးပါ။ ပုလဲကို ဒီအတိုင်းမပက်ဘဲ နွားချေး/ သဘာဝမြေသြဇာ ၃ဆနဲ့ တစ်ညနှိပ်ပြီးမှ ပက်ပေးပါဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။