ဖြေကြားချက် ၁ ခု
အစာအာဟာရကိုလည်း ဂရုတစိုက်ကျွေးသင့်သည်။ အသားတိုးဝက်အား စီးပွားဖြစ်မွေးမြူမည်ဆိုပါက အသားချိန်တိုးရန်အတွက် သိပ္ပံနည်းကျ စီစဉ်စပ်ဟပ်ထားသည့် ဝက်စာများကိုသာ ကျွေးသင့်ပေသည်။ ဝက်တို့သည် အစာကို အလွယ်တကူချေဖျက်နိုင်စွမ်း နည်းပါးသောကြောင့် ကျေညက်လွယ်သော အစာများဖြစ်သည့် ဆန်ကွဲပါသောဝက်စာ၊ ငါးမှုန့်ပါသောဝက်စာနှင့် မြေပဲဖတ်ပါသောဝက်စာများကိုသာ ကျွေးသင့်ပါသည်။ အဆိုပါအစားအစာများကို သင့်တော်သောအချိုးအဆအတိုင်း ရောနှော၍ ကျွေးနိုင်ပါသည်။ ဝက်ကြီးတွေ အစာဖိမကျွေးသင့်ပဲ ဝက်လတ်တွေကိုသာ ဖိကျွေးသင့်ပါသည်။ ဝက်လတ်များသည် သဘာဝအလျောက် ကြီးထွားမှုမြန်သည့်အတွက် ဝက်လက်အသားတိုးစာမှာ ပရိုတိန်းဓာတ်၊ ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်များ ကောင်းကောင်းမွန်မွန် ထည့်စပ်ကျွေးသင့်ပါသည်။ စိမ်းစိုသောဟင်းရွက်များကိုလည်း ဗီတာမင်နှင့် သတ္တုဓာတ်များအတွက် ကျွေးသင့်ပါသည်။ အမျှင်ဓာတ်ပါသော အစားအစာများ ကျွေးပေးခြင်းဖြင့် မလိုအပ်သည့်အဆီများ မစုမိအောင် ကူညီပေးပါသည်။ တစ်နေ့လျှင်နှစ်ကြိမ် ပုံမှန်ကျွေးလျှင် လုံလောက်ပါသည်။ ဝက်ငယ်လေးများကိုမူ အစာ ၃၀ ကျပ်သားကနေ ၄၀ ကျပ်သားအထိ ကျွေးပေးသင့်သည်။ အစာစိုကျွေးခြင်းနှင့် အစာခြောက်ကျွေးခြင်းဟူ၍ နှစ်မျိုးရှိသော်လည်း အစာအစိုကို ပိုမိုနှစ်သက်ကြသည်။ ချက်ပြုတ်၍ ကျွေးသောအစာ၌ ဝက်စာတွင်းရှိ ရောဂါပိုးမွှားများပါလာပါက သေစေနိုင်သည့်အတွက် အန္တရာယ်ကင်းပါသည်။ သို့ရာတွင် မီးပြင်းပြင်းထိုး၍ အချိန်ကြာမြင့်စွာ ကျိုချက်ခြင်းကို ရှောင်ရှားသင့်ပါသည်။ အကြောင်းမှာ ဝက်စာအတွင်းရှိ အာဟာရဓာတ်များ ပျက်စီးဆုံးရှုံးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။ ဇီးရှိသောဝက်မများကို အစာကျွေးရာ၌ ဆန်ကွဲ၊ ဖွဲနု၊ ပြောင်း အစရှိသည့် အဆီဓာတ်တိုးပွားစေသောအစာများ အလွန်အကျွံ့မထည့်မိစေရန် သတိပြုသင့်ပါသည်။ သို့မှသာ ကောင်းစွာသားပေါက်နိုင်၍ ကျန်းမာသောဝက်ငယ်လေးများ မွေးဖွားနိုင်မည် ဖြစ်ပါသည်။ မျိုးဝက်မမှ သားဖောက်ကာ အသားတိုးဝက်မွေးမြူခြင်းသည် ဂရုစိုက်မှု အနည်းငယ်ပိုသော်လည်း တစ်ကောင်ရင်းရုံဖြင့် အသားတိုးဝက်များစွာ ပြန်လည်ရရှိနိုင်ပါသည်။ ကိုယ်တိုင်စီမံမွေးမြူမယ့် အသားတိုးဝက်ခြံ ဒီဆောင်းပါးမှ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။အပြည့်အစုံကို စာတန်းကိုနှိပ်ပြီးဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကျွန်တော်မွေးထားတဲ့ဝက်မက ၁၃ရက်ည အချိန်၌ ၁၀ ကောင်မွေးပါတယ်ဗျ။ မွေးပြီးနောက်ရက်မနက်ကျအစာသိပ်မစားဘူးဗျ။ဒီနေ့ထိ...
ဖြေကြားချက် 1 ခု
CP ဝက်မွေးချင်တာ ဘာတေလိုအပ်မယ် ဘယ်လိုမွေးရမယ် ဆိုတာ တစ်စိတ်လောက်ပြောပြပေးပါလား
ဖြေကြားချက် 2 ခု
ဝက်မွေးရေနဲ့ကျန်မာရေအကြောင်း
ဖြေကြားချက် 5 ခု
ယနေ့ဝက်စျေးဘယ်လောက်ရှိလည်းဆရာတို
ဖြေကြားချက် 1 ခု
ဝက်မွေးမြူရေးနည်းပညာတင်ပေးပါလား
ဖြေကြားချက် 2 ခု