အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,832
လွန်ခဲ့သော ၅ နှစ် က · ပြည်

စျေးကွက်မှာရောင်းတဲ့ ပိုးသတ်ဆေးနာမည် မှာ ထိသေစားသေပင်လုံးြပန် ့ အာနိသင်ရှိ တယ်လို ့ ရေးထားတာတွေပါတယ်။ တကယ်ပဲ...

စျေးကွက်မှာရောင်းတဲ့ ပိုးသတ်ဆေးနာမည် မှာ ထိသေစားသေပင်လုံးြပန် ့ အာနိသင်ရှိ တယ်လို ့ ရေးထားတာတွေပါတယ်။ တကယ်ပဲ ထိသေစားသေ အာနိသင်နဲ ့ ပင်လုံူးြပန် ့အာနိသင် တွေ တူတူရောပီး ပါသလား?? ထိသေစားသေက သပ်သပ်လား ပင်လုံးြပန့်က သပ်သပ်လား ခွဲြ ြခားပီး သိချင်ပါတယ်။ ထိသေစားသေ အာနိသင်ရှိတဲ့ဆေးနဲ ့ ပင်လုံးြပန် ့အာနိသင်ရှိတဲ့ ဆေး နာမည်တေကိုလည်း သိခွင့်ရှိရင် သိလိုပါတယ်။

ပိုးမွှားရောဂါ ပဲတီစိမ်း ပိုးသတ်ဆေးအေအိုင်များ

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၅ နှစ် က

ထိသေ စားသေ ထိသေစားသေ ပင်လုံးပြန့် ထိသေစားသေး ပင်လုံးပြန့် အဆိပ်ငွေ့ စိမ့်ဝင်ထိုးဖောက် ထိသေ စားသေ ရဲ့ သဘောက ပိုးက ဆေးကိုထိရင် ဆေးက ပိုးကို ထိရင် သေတဲ့ သဘော ပင်လုံးပြန့်ကျတော့ ဆေးဖြန်းလိုက်တယ် ဆိုပါစို့ တစ်ပင်လုံး အဆိပ်က ပြန့်နှံ့သွားတဲ့ သဘော ဥပမာ ကြက်ဟင်းခါးပင်ကို သီးထိုးယင်ကျတယ် ( cartap) ဖြန်းလိုက်တယ် အရွက်ဘဲ ဆေးက ထိတယ် အသီးထဲက လောက်ကောင်ပါ သေသွားတယ် ဒီသဘော ဒါဥပမာ ပြောတာ ပါ

1,832 လွန်ခဲ့သော ၅ နှစ် က

ခုလို‌ေြဖပေးတာ ကျေးဇူးပါဗျာ နောက်လည်း သိချင်တာတွေ ‌ေြဖပေးပါအုံးး။

270,769 လွန်ခဲ့သော ၅ နှစ် က

ထိသေစားသေရောပင်လုံးပြန့်ရောပါတဲ့ ဆေးတွေမှာ နှစ်မျိုးလုံးရဲ့အာနိသင်တွေပါပါတယ်။ ထိသေစားသေနဲ့မရတဲ့ ပိုးတွေရော နှိမ်နင်းနိုင်ဖို့ပေါ့ ဆေးဗူးမှာဆိုရင် ဘယ်လောက်ရာခိုင်နှုန်းပါပါတယ်ဆိုပြီး ဖော်ပြထားချက်တွေလည်းရှိပါတယ်။

270,769 လွန်ခဲ့သော ၅ နှစ် က

ထိသေစားသေဆိုတာက ဆေးဖြန်းထားတဲ့အပင်အစိတ်အပိုင်းကို ထိမိ စားမိရင် အဆိပ်သင့် သေစေပါတယ်။ ထိသေစားသေနဲ့မရတဲ့အင်းစက်တွေကို ပင်လုံးပြန့်သုံးပေးပါတယ်။ ပင်လုံးပြန့်သုံးထားပြီဆိုရင်အပင်တစ်ပင်လုံးပြန့်နေတဲ့အတွက် အပင်ဖောက်စား ခြစ်စားတတ်တဲ့အင်းစက်တွေကိုလည်း နှိမ်နင်းပါတယ်။ ဆေးနာမည်တွေအနေနဲ့ဆိုရင်တော့ ထိသေစားသေမှာ ဒိုင်မီသိုအိတ်၊ ဆိုင်ဖာမီသရင်တို့ပါပါတယ်။ ပင်လုံးပြန့်မှာ အဆီဖိတ်၊ အင်မီဒါကလိုပရစ် တို့ပါပါတယ်။ ပိုးသတ်ဆေးအုပ်စုတွေကို အလွယ်မှတ်ရအောင် ဒီဆောင်းပါးကိုလည်းဖတ်ကြည့်ကြည့်ပါ။ ဆေးအုပ်စုတွေကို လေ့လာလို့ရတာပေါ့။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။