အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,672
လွန်ခဲ့သော ၅ နှစ် က · ဆားလင်းကြီး

မှိုသတ်ဆေးပြုလုက်နည်း သိချင်ပါတယ်

ပိုးမွှားရောဂါ ကွမ်း

ဖြေကြားချက် ၅ ခု

3,672 လွန်ခဲ့သော ၅ နှစ် က

ဟုတျကဲ့ ဆရာ

3,672 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါဆရာ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၅ နှစ် က

ကွမ်းခြံကအမြဲတန်းစိုစွတ်နေတာမို့ ​မှိုရောဂါကျတတ်ပါတယ်.ဒါကြောင့် ကွမ်းခြံရဲ့အမိုးတွေ..အကာတွေ..ဝါးတိုင်..သစ်သားတိုင်တွေကို ဘော်ဒိုဆေးရည်ဖျန်းပေးပါ.ဝင်ပေါက်မှာထုံးဖြူးထားပေးပါ.ကွမ်းခြံအတွင်းဝင်တဲ့ဖိနပ်ကိုသီးသန့်ထားပေးပါ..မှိုရောဂါကျရောက်မှုသက်သာပါလိမ့်မယ်။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၅ နှစ် က

မှိုသတ်ဆေးကို ကိုယ်တိုင်လုပ်မယ်ဆိုရင် ကော့ပါး(ကြေးနီ)ပါတဲ့ဆေးကိုအသုံးပြုရပါမယ်.ကော့ပါးပါတဲ့ဆေးကမှိုနဲ့ဘက်တီးရီးယားကိုနိုင်ပါတယ်. ဥယျာဥ်ခြံတွေမှာအကောင်းဆုံးမှိုသတ်ဆေးက ဘော်ဒိုးဆေးရည် (ထုံး+ဒုတ္ထာ )ပါ.၁%ဆေးရည်ကအရွက်မှာကျတဲ့မှိုရောဂါအတွက်သင့်လျော်ပြီး ၂%ဆေးရည်ကတော့စိုက်ခင်းမြေကြီးမှာကျတဲ့မှိုရောဂါအတွက်သင့်လျော်ပါတယ်။၁%ဆေးရည်ဖျော်မယ်ဆိုရင် ဒုတ္ထာ ၁၀ကျပ်သား,မဖောက်ထုံး ၁၀ကျပ်သားနဲ့ ရေ ၄ဂါလံဖျော်စပ်ရမှာဖြစ်ပါတယ်.၂%ဆိုရင် ဒုတ္ထာနဲ့မဖောက် ထုံးကို ၂၀ကျပ်သားစီအသုံးပြုရမှာပါ. ဒုတ္ထာ၁၀ကျပ်သားကိုရေ၁ဂါလံ, မဖောက်ထုံး၁၀ကျပ်သားကိုရေ၃ဂါလံနဲ့ သီးခြားခွက်တစ်ခုစီမှာပျော်ဝင်သွားအောင်ဖျော်စပ်ရပါမယ်(သံပုံး,သွပ်ပုံး,ကြေးပုံး,သတ္ထုပုံးတွေမသုံးရပါ။ပလတ်စတစ်ပုံး,သစ်သားစည်,မြေအိုးတွေအသုံးပြုရပါမယ်).သီးခြားစီဖျော်ပြီးနောက်ဆေးဖျန်းခါနီးမှရောစပ်ပြီးဖျန်းရပါမယ်.ရောစပ်ပြီးသွားတဲ့ဆေးရည်ကို ၂၄နာရီအတွင်းအသုံးပြုရပါမယ်။ဆေးဖျန်းစဥ်ဆေးပုံးကိုလှုပ်ပေးနေရပါမယ်..ထုံးနဲ့ဒုတ္ထာက ရေမှာမပျော်ဝင်ဘဲအနည်ထိုင်တတ်တာမို့ပါ။

အတည်ပြုပြီး 95,063 လွန်ခဲ့သော ၅ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။