အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၅ နှစ် က · တံတားဦး

မြေတေကအရမ်းစီးကပ်ပီးကျစ်နေတယ် ကျပ်မြေအမျိုးစားတေပါ အပင်တေသိပ်မဖြစ်ဘူးပီးတေ ာ အပင်ပေါက်စလေးတေမှာပိုးကိုက်ရာလေး...

မြေတေကအရမ်းစီးကပ်ပီးကျစ်နေတယ် ကျပ်မြေအမျိုးစားတေပါ အပင်တေသိပ်မဖြစ်ဘူးပီးတေ ာ အပင်ပေါက်စလေးတေမှာပိုးကိုက်ရာလေးတေတွေ့တယ် မြေကြီးထဲမှာလည်း အ ခြားပိုးမွှားချပုရွတ်ဆိတ်တေရှိနေတယ်ခင်ဗျာ အဲဒါ မြေကိုဘယ်လိုပြူပြင်ပီး ဘာဆေးတေသုံးရမလည်းခင်ဗျာ သီးနှံကတော့အစုံစိုက်ထားပါတယ်

မြေဆီလွှာ ရုံးပတီ

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၅ နှစ် က

ကျွန်တော်စိုက်တုန်းက နည်းလမ်းလေး ပြောပြမယ်။ ကျွန်တော်လည်း ကျောက်စရစ်တွေ၊ သဲတွေပဲများတဲ့မြေကြီးမှာ အသီးအရွက်စိုက်ဖူးတယ်။​ စစိုက်တုန်းက ပေါက်ပြားတောင် လိပ်လိပ်သွားတယ်။ အဲဒီမြေကြီးက ၆ လအကြာမှာ မွလာတယ်။ အပင်တွေလည်း တော်တော်ဖြစ်တယ်။​နည်းက မြေကြီးထဲကို သစ်ဆွေးဓာတ်နဲ့ အကျိုးပြု အဏုဇီဝတွေ ပြန်ထည့်တဲ့နည်းပါ။ အသီးအရွက်စိုက်ဖိုဘောင်စပေါက်ကတည်းက နွားချေး၊ ကြက်ချေးများများထည့်တယ်။ ၂ ရက်လောက်နှပ်ထားပြီးမှ အပင်စိုက်တယ်။​ အပင်ပေါက်လာတဲ့အခါမှာ တစ်ပတ်တစ်ကြိမ် ပဲဖတ်အပုပ်ခံထားတာနဲ့ နွားသေးအပုပ်ခံထားတာကို ရောပြီး ရေလောင်းပေးတယ်။ ပဲဖတ်အပုပ်ခံထားတာမှာ အဏုဇီဝပိုးတွေပါသလို အပင်အတွက်လည်း အဟာရဓာတ်အများကြီးပါတယ်။ အဲဒီနည်းနဲ့ စိုက်တာ ၆ လလောက်ကြာတော့ မြေကြီးက တော်တော်မွသွားပြီ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။