အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
8
လွန်ခဲ့သော ၅ နှစ် က · ငဖဲ

ဟုတ်ကဲ့ မင်္ဂလာပါ ခင်ဗျာ မြေဆီလွှာက မြေစေးတယ် ငံတယ်ခင်ဗျ ငရုပ်စိုက်မို့ မြေဘောင်တော့ပြုပြင်ပြီးပါပြီ အပင်အသီးအ...

ဟုတ်ကဲ့ မင်္ဂလာပါ ခင်ဗျာ မြေဆီလွှာက မြေစေးတယ် ငံတယ်ခင်ဗျ ငရုပ်စိုက်မို့ မြေဘောင်တော့ပြုပြင်ပြီးပါပြီ အပင်အသီးအပွင့်ကောင်းမွန်စေရန် ညွှန်ကြားပေးပါအုံး ခင်ဗျ

မြေဆီလွှာ ငရုတ်သီး ငရုတ်ပင်အာဟာရ

ဖြေကြားချက် ၂ ခု

118 လွန်ခဲ့သော ၅ နှစ် က

ငရုပ်မိုးထောင်သီး

270,769 လွန်ခဲ့သော ၅ နှစ် က

ပျိုးဘောင်ပေါ်တွင် သဘာဝမြေဆွေးကို ထည့်ပါ။ ကောက်ရိုးအနည်းငယ်ကို မီးရှို့ပြာချခြင်းသည် မြေကိုပိုးသတ်ပြီးသား ဖြစ်သကဲ့သို့ ပိုတက်စီယမ် နှင့်ဖော့စဖရပ် အနည်းငယ်ကိုကောင်းစွာ ရရှိစေသည်။ ပျိုးဘောင်ပေါ်တွင် အစေ့များစိုက်ပြီးပါက အပေါ်မှ သစ်ကိုင်းသစ်ခက် အရွက်ဖားဖားများနှင့် အုပ်ထားပေးနိုင်သည်။ အပူကြိုက်သော သီးနှံဖြစ်သည်။ အပူချိန် ၂၈ မှ ၃၀ ဒီဂရီ စင်တီဂရိတ် အတွင်းရှိသော အခြေအနေတွင် ဆယ့်ငါးရက်မှ ရက်နှစ်ဆယ်ရက်ခန့် ကြာလျှင် အစေ့လေးများ အပင်ပေါက်လာပြီးဖြစ်ပြီး အုပ်ထားသည့် သစ်ကိုင်းသစ်ခက်များကို ဖယ်ပေးပါ။ အပူချိန်ပေါ်မူတည်၍ ရက်အနည်းအများရှိသည်။ မျိုးစေ့စတင် ချပြီးချိန်မှ ပျိုးပင်ကလေးများ ကောင်းကောင်းပေါက်ချိန်သည် တစ်လခွဲအထိ ကြာမြင့်တတ်သည်။ စိုက်ခင်းထဲမရွှေ့ခင် တစ်ပတ်ကြာ ရေမသွင်းရပါ။ ရွှေ့မစိုက်ခင် တစ်ရက်အလိုမှ ရေကောင်းကောင်းသွင်းပါ။ မိုးအားကိုး စိုက်သောအခင်းတွင် ပင်ကြားတန်းကြား နှစ်ပေ× တစ်ပေခွဲ၊ ရေသွင်းစိုက်ပျိုးရသော အခင်းတွင် ပင်ကြားတန်းကြား နှစ်ပေ×နှစ်ပေ စီခြား၍ စိုက်ပါ။ ဒါကတော့ငရုတ်အရှည်သီးအတွက်ပါ စိုက်ပျိုးနည်းအပြည့်အစုံကို ငရုတ်သီး အစပ်တောင့် အရှည် စိုက်ပျိုးနည်း ဒီဆောင်းပါးမှာလေ့လာပါ။ အလှစိုက်သော ငရုတ် (သို့) ငရုတ်အသေးတောင့် ဒါကတော့ကလော်အော်သီးစိုက်ပျိုးနည်းဆောင်းပါး ပါ။ ပိုးမွှားရောဂါအတွက်လည်းပါတော့ လေ့လာကြည့်ပါရှင့်။

You

ဆက်စပ်မေးခွန်းများ

ငရုတ်ပင်စိုက်ထားတာ အပွင့်တွေတော့လှိုင်လှိုင်ပွင့်ပြီးအသီးမတင်လို့ ဘာလုပ်ရပါမလဲ

ဖြေကြားချက် 2 ခု

..အပွင့် အနည်းငယ် လိုက်ချိန်မာ ဂျီအေသရီး ဆေး ြပားြကီး ြဖန်းမိလို့ ဆိုးကျိုးများ ရှိလား ဆရာတို့ ရှိရင် ြပန် ြပု...

ဖြေကြားချက် 2 ခု

ဆရာတို့ အတွေ့ကြုံရှိသူအကိုအစ်မများခင်ဗျာ ကျွန်တော်တို့ဆီမှာငြုပ်နဲ့တူတဲ့ကာလီကိုစီုက်ကြပါတယ် ကျွန်တော်အပင်တွေက...

ဖြေကြားချက် 4 ခု

မျောက်ငိုပင်စိုက်ထားပါတယ် မြေကအရမ်းကျစ်ပီးမာနေတယ် အပင်တွေကအရွယ်အစားသိပ်မတက်ဘူးဖြစ်နေတယ် မြေကိုသဘာဝအတိုင်းမြေဆီ...

ဖြေကြားချက် 2 ခု

ငရုတ်ပင်ကို အသီးတွေကြီးထွားဖို့ နဲ့များများသီးဖို့ ဘာဆေးဖျန်းရင် အကောင်းဆုံးလဲ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။