အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
72
လွန်ခဲ့သော ၅ နှစ် က · အရာတော်

ခရမ်းပင်အရိုးပိုးတွေကြနေလို့ဘယ်လိုကာကွယ်နှိမ်နှင်းရမလဲဗျဖြေခဲ့ပေးပါအုံး🍆

ပိုးမွှားရောဂါ ခရမ်းသီး
Post image
Post image
Post image
3

ဖြေကြားချက် ၃ ခု

947 လွန်ခဲ့သော ၁ နှစ် က

အသီးရှိရင်အသီးထိုးတာ အသီးမရှိရင်အညွန့်ထိုးတာလား

270,769 လွန်ခဲ့သော ၅ နှစ် က

ခေါင်ညွန့်ထိုးပိုးကျနေတယ်ထင်တယ်။ ဖျက်ဆီးခံနေရတဲ့အညွှန် ပင်စည်တွေကိုဖယ်ရှားပစ်ဖို့လိုပါတယ်။ အသီးအပွင့်တွေရှိလာရင် သူက ဝင်ရောက်ဖျက်ဆီးတတ်ပါတယ်။ ဓာတုဆေးအနေနဲ့ ပရိုဖီနိုဖော့ ကိုသုံးနိုင်ပါတယ်။ ဒီပိုးကိုကျ စိုက်ပျိုးနည်းစနစ်တွေနဲ့ပါ နှိမ်နင်းနိုင်မှအဆင်ပြေပါတယ်။ နောက်ရာသီတွေမှာ မျိုးရင်းမတူတဲ့အပင်တွေကို သီးလှည့်အနေနဲ့စိုက်ပေးပါ။ ခုလိုရောဂါကျနေတဲ့အစိတ်အပိုင်းတွေကိုဖယ်ရှားဖျက်စီးပစ်ဖို့လိုပါတယ်။ စိုက်ရာသီအစမှာ မြေအောင်းပိုးသတ်ဆေးထည့်ပေးပါ။

79,224 လွန်ခဲ့သော ၅ နှစ် က

ခရမ်း ခေါင်ညွန့်ထိုးပိုး က အတော်ဆိုးပါတယ်။ တောင်သူ အသိမိတ်ဆွေတွေပြောဖူးတဲ့အထဲ ဆိတ်‌ချီးကို ရေဖျော်ပြီးသုံးတာ ထိရောက်တယ်လို့ သိရပါတယ်။ ရနိုင်မယ်ဆို စမ်းကြည့်ပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။