ငရုတ်အရွက်တွေဝါပြီး တွန့်ကုတ်နေတယ် ပိုးလည်းမတွေ့ဘူး မှိုသတ်ဆေး ယူနတီ ဖြန်တာလည်း မထူးခြားဘူး အတွေ့အကြုံ လေးရှိ...
ငရုတ်အရွက်တွေဝါပြီး တွန့်ကုတ်နေတယ် ပိုးလည်းမတွေ့ဘူး မှိုသတ်ဆေး ယူနတီ ဖြန်တာလည်း မထူးခြားဘူး အတွေ့အကြုံ လေးရှိရင် မျှဝေပါအုံး
ငရုတ်အရွက်တွေဝါပြီး တွန့်ကုတ်နေတယ် ပိုးလည်းမတွေ့ဘူး မှိုသတ်ဆေး ယူနတီ ဖြန်တာလည်း မထူးခြားဘူး အတွေ့အကြုံ လေးရှိရင် မျှဝေပါအုံး
စုပ်စားပိုးကတစ်ဆင့် ဗိုင်းရပ်စ် ရောဂါ ကျတာပါ။ ရောဂါကျအပင်တွေက တစ်ဆင့် ရောဂါ မကျသေးတဲ့ အပင်တွေ မကူးအောင် နုတ်ပေးသင့်ပါတယ်။ ရောဂါကျ အပင်အရေအတွက်နည်းသေးရင် ပင်လုံးပြန့် အာနိသင်ရှိတဲ့ ပိုးသတ်ဆေး တစ်မျိုးမျိုးကို သုံးနိုင်ပါတယ်
စုပ်စားပိုးကို ပင်လုံးပြန့်၊ ထိသေ အာနိသင်ဆေးတွေသုံးနိုင်ပါတယ်။ ဆေးအညွန်းပါအတိုင်းတော့သုံးဖို့လိုအပ်ပါတယ်။ နောက်ပြီး ပတ်ဝန်းကျင်အခြေအနေအရ စိုထိန်းစများရင်လည်း ပိုးကျပွားနှုန်းမြင့်ပါတယ်။ ပေါင်းမြက်တွေရှိနေရင် ရှင်းလင်းပေးပါ ရေပေးမယ်ဆိုရင် မနက်ခင်းမျိုးကိုပဲပေးပါ။ လောလောဆယ်တော့ မိုးတွေလည်းရှိတော့ ပေးဖို့တော့လိုမယ်မထင်ပါဘူး။
ထွက်လာသာရွက်တွေကတွန့်လို့ စုပ်စားပိုးဆေးဖြန်းတာ မရလို့ ဆေးကအားနည်းတာလား အကြံပေးပါအုံး
အရွက်တွန့်ကုတ်နေတာက စုပ်စားပိုးကြောင့်ဖြစ်နိုင်ပါတယ်။ စုပ်စားပိုးကျပြီဆိုရင် အရွက်တွေဝါပြီး ဗိုင်းရပ်စ်ရောဂါကိုဖြစ်စေပါတယ်။ အရွက်တွေက အရမ်းဝါနေပြီလားရှင့်။ စိုက်ခင်းရဲ့ ဘယ်လောက်လောက်ဝါနေပြီလဲ ။ ဓာတ်ပုံလေးရောတင်ပေးနိုင်ရင်ကောင်းပါတယ်။
ဆက်စပ်မေးခွန်းများ
ငရုတ် အရွက်ထွဏ်တာ ဘယ်လိုကုသရမလည်း ဗျ
ဖြေကြားချက် 2 ခု
ငရုပ်ပင်ရွက်တွေထွတ်နေလို့လမ်းညွှန်ပေးပါဖျ
ဖြေကြားချက် 4 ခု
အရွက်လေးတွေလိပ်နေလို့ ရွက်လေးတေရိုက်လိုက်တာအကောင်သေးသေးလေတေများကြီပဲ ဘာဆေးသုံးရမလည်း
ဖြေကြားချက် 3 ခု
ရေလောင်း ငရုတ်စိုက်ထားဒါဗျာ အရွက်တွေလိပ်ပြီး ဘာဖြစ်တာလဲ ဘာဆေးသုံးရမလည်းဗျာ
ဖြေကြားချက် 1 ခု
ငရုတ်ပင်မှာ ဒီလိုလေးဖြစ်နေလို့ပါ...ကုသနည်းလေးနဲ့ အသုံးပြုလို့ရတဲ့ဆေးလေး ပြောပြပေးကြပါခင်ဗျာ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။