ဖြေကြားချက် ၂ ခု
သစ္စာပန်းဥများကို တူးယူသောအခါ ဥအရွယ်အစား အမျိုးမျိုးရရှိပါမည်။ အကြီးဆုံးကိုသာ မျိုးအဖြစ်ထားပြီး သေးငယ်သောဥများကို သီးသန့်ရွေးထုတ်ထားရပါမည်။ တူးပြီးသည့်အခါ ဆယ်ရက်ခန့် နေလှန်းကာ အခွံခွာပြီးပြန်စိုက်ပါ။ သို့မှသာ အပင်ပေါက်မြန်ပြီး အပင်ပေါက်ကောင်းနိုင်မည်။ ပြန်စိုက်ပျိုးသည့်မျိုးဥများက နောက်ထပ် ၇ လကြာလျှင် စိုက်ပျိုးရန်သင့်သော မျိုးဥများပြန်ဖြစ်လာမည်။ နှစ်လခန့် အနားပေးပြီး ပန်းအဖြစ် ပြန်စိုက်ပျိုးနိုင်သည်။ အလွန်သေးငယ်သော ဥသေးများကိုလည်း ထပ်မံပြီး တစ်နှစ်ပြီးတစ်နှစ် ပန်းအတွက် စိုက်ပျိုးခြင်းဖြင့် မျိုးဥများ ပြန်လည်ရရှိနိုင်ပါသည်။ အနည်းဆုံး ၃ နှစ် ကြာသည်။ ဒါကမျိုးယူပုံပါ မျိုးယူရင်တော့အကောင်းဆုံးလရှိပါတယ်။ သစ္စာပန်း စိုက်ပျိုးနည်း ဒီဆောင်းပါးကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်ရှင့်။
ဆီးနှင်းအရမ်းကျတဲ့ လ တွေကလွဲပြီး တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါတယ်။ ဒီဇင်ဘာလတို့လိုမျိုးပေါ့။
ဆက်စပ်မေးခွန်းများ
ဟော်လန်သစ္စာပန်းဥပါ ဥမှအပင်၊အပင်မှအခိုင်/အပွင့်ဖြစ်ရတော့ ဥကိုရောဂါကင်းအောင်၊ကြံ့ခိုင်ရအောင် ဘယ်လိုမြေသြဇာများ...
ဖြေကြားချက် 1 ခု
လီလီပန်းဥအတွက် ဘာဆေးကိုသုံးရမှာလဲဆိုတာ ပြောပြပေးကြပါ
ဖြေကြားချက် 0 ခု
သစ္စာပန်းဥတွေသိုလှောင်တာမှာ ဥတွေပုတ်တာ ခြောက်ပိန်သွားတာတေမဖြစ်အောင် နည်းလမ်းလေးတွေရှိရင်ပြောပေးကြပါ
ဖြေကြားချက် 1 ခု
သစ္စာပန်ခါးရိသေလို့ဘာဆေးသုံးရမလဲ
ဖြေကြားချက် 1 ခု
သစ္စာပန်းပိုဘယ်လမှာစိုက်ရတာလဲစ်ုက်နည်းလေးပြောပြပါအပင်ပြုစုနည်းရော
ဖြေကြားချက် 1 ခု