ဘာဆေးသုံးရမလဲ ပြောပြပေးပါအုံးဗျ
ပုံအရ ဆီစွန်းရောဂါ ထင်ပါတယ်။ ဘက်တီးရီးယားရွက်ပြောက်ရောဂါ/ဆီစွန်းရောဂါ/ရိုးမဲဆစ်ပြုတ်ရောဂါ (BACTERIAL LEAF SPOT) ဤရောဂါသည် Bacterium betle ကြောင့် ဖြစ်ပါသည်။ ကွမ်းပင်တွင် ကျရောက်လေ့ရှိသော ရောဂါဖြစ်သည်။ မှိုကြောင့်မဟုတ်ဘဲ ဘက်တီးရီးယားကြောင့် ဖြစ်သောရောဂါ ဖြစ်သည်။ ရိုးမဲဆစ်ပြုတ်ရောဂါဟု လူသိများသည်။ မြေစေး၍ရေဝပ်သောမြေမျိုးတွင် ဆိုးရွားစွာ ကျရောက်လေ့ ရှိသည်။ နိုက်ထရိုဂျင် လွန်ကဲသော ကွမ်းခြံများတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ အပင်စိုက်ပျိုးချိန်မှ အရွက်ခူးချိန်အထိ ကျရောက် ပျက်စီးလေ့ရှိသည်။ ရောဂါကူးစပ်ပုံ ပင်ကြွင်းပင်ကျန်များမှတစ်ဆင့် ကူးစက်တတ်ကြသည်။ ရောဂါရ ပင်ကြွင်းပင်ကျန်များကို သယ်ယူထုတ်ပစ်သူများ ခြံအတွင်း ပြန်လည်ဝင်ရောက်ရာမှလည်း ကူးစက်တတ်သည်။ များသောအားဖြင့် ခြံများတွင် လုပ်ကိုင်တတ်သောသူများမှ ကူးစက်မှုများသည်။ မိုးရာသီတွင် မိုးရေထိမှန်၍ တစ်ရွက်မှ တစ်ရွက်၊ တစ်ပင်မှတစ်ပင်၊ တစ်ရုံမှ တစ်ရုံ ကူးစက်တတ်သည်။ ကာကွယ်နှိမ်နင်းပုံ ၁။ ရောဂါရ ပင်ကြွင်း၊ ပင်ကျန်များကို စုပုံမီးရှို့ခြင်း၊ မြေမြှုပ်ခြင်း ပြုလုပ်ပေးပါ။ ၂။ ခြံတွင်း သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပေးပါ။ ၃။ ကွမ်းပင်များ ရုံဖြစ်လာပါကလေဝင်လေထွက် ကောင်းအောင်ဆောင်ရွက်ပါ။ ၄။ ဘောင်ကြားရေသွင်းခြင်း၊ အစက်ချရေသွင်းခြင်းသည် ရေထမ်းပုံးနှင့် ရေပက်ဖျန်းခြင်းထက် ပို၍ ကောင်းသည်။ ၅။ မြေပြုပြင်စဉ်က ဘော်ဒိုးဆေး (၅း၅း၅၀) ကို ဖျန်းပုံးနှင့် လောင်းပေးခြင်း ပြုလုပ်ပေးပါ။ ၆။ ဘော်ဒိုးဆေး (၂း၂း၅၀) ကို အပင်တွင် ပက်ဖျန်းပေးပါ။ အစိမ်းရောင်လမ်းမှာတင်ထားတဲ့ အကြောင်းအရာကိုကောက်နုတ်ဖော်ပြလိုက်ပါတယ်။ လက္ခဏာတွေတစ်ချက်စစ်ဆေးကြည့်ပါနော်။ ဆေးသုံးဖို့ကို ဘော်ဒိုဆေးရည်ကို ညွှန်းချင်ပါတယ်။ ကွမ်းမှာက ဓာတုဆေးလည်းသုံးမကောင်းဆိုတော့ ဘော်ဒိုဆေးရည်ကတော့အသုံးများပြီး ထိရောက်တဲ့ဆေးပါပဲ။
ဆက်စပ်မေးခွန်းများ
အော်ဂဲနစ်စနစ်ဖြင့်ကွမ်းစိုက်ပျိုးချင်လို့ပါ မြေပြင်ခြင်း မှိုသတ်ဆေး ဘက်တီရီယားဆီစွန်းရိုးမဲကာကွယ်ဆေး ပိုးသတ်...
ဖြေကြားချက် 1 ခု
ကွမ်းပင်ဟာ နှိမ်ပြီး မိုရွှားရင် ဒါမှမဟုတ် မိုးရွှာထဲနှိမ်လိုက်ရင် ရိုးမဲ ဆစ်ပြုတ် ဆီစွန်း ဝင်တယ်ဆိုတာ ဟုတ်ပါသ...
ဖြေကြားချက် 4 ခု
ကွမ်းပင် ဆီစွန်း ရိုးမဲ ကျနေလို့ဘာဆေးသူံးသင့်လဲ
ဖြေကြားချက် 4 ခု
ကျွန်တော်ကွမ်းသုံးလသားဘဲရှိတယ်ဆီစွန်းနဲ့ရိုးမဲပါးပါးလေးဝင်နေလိုဘာဆေးသုံးရမလဲဗျစိရင်ညွန်ပြပေးပါအုန်းဘော်ဒါတို့
ဖြေကြားချက် 3 ခု
ကွမ်း ဆီစွန်းကျရောက်နေလို့ပါ အီးအမ် အမိုင်နို စစိုက်ကထည်းဖြန်းပါတယ် ခုဆီစွန်းကျရောင်နေတော့ ကရောင်း ကာဆူကာမိုင်...
ဖြေကြားချက် 10 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။