ဘာပိုးလဲ ဘယ်လိုနှိမ်းနင်းရမလဲ
ငါတော့ လက်နဲ့လိုက်ဖမ်းတာပဲ ပြီးရင် ရေနှစ်ထားလိုက်တယ် ဒုက္ခပေးတဲ့ကောင်တွေ
Red Pumpkin Beetle လို့ခေါ်တဲ့ ဗူးဖရုံကျိုင်းပါ သူက အရေအတွက်နည်းနေသေးရင်တော့ ET (စီးပွားရေးကျော်လွန်စည်း) မကျော်သေးတဲ့အတွက် နှိမ်နင်းစရာမလိုပါဘူး တစ်ပင်မှာ တွေ့ရတဲ့အရေအတွက်က များလာပြီ ဒါမှမဟုတ် မိတ်လိုက်နေတာတွေ့ပြီဆိုရင်တော့ နှိမ်နင်းသင့်ပါပြီ နှိမ်နင်းဖို့ဆိုရင်တော့ အရွက်တွေပေါ်မှာ နေတတ်တဲ့အကောင်ဖြစ်တာကြောင့် ထိသေစားသေတစ်မျိုးမျိုးသုံးစွဲနိုင်ပါတယ် ပမာဏနည်းသေးတဲ့အချိန်ဆိုရင်တော့ ကာကွယ်တဲ့အနေနဲ့ သဘာပိုးသတ်ဆေး တမာပိုးသတ်ဆေး သုံးပေးနိုင်ပါတယ်
ကျိုင်း ဖြစ်ပါတယ်။ အကောင်ကြီးတွေတွေ့ရင် လက်နဲ့ကောက်ယူဖျက်ဆီးတာမျိုးလုပ်ပေးပါ။ သဘာဝဆေးအနေနဲ့ တမာဆေးအသုံးပြုလို့ရပါတယ်။ တမာရွက်ပြုတ်ရည် ဒီဆောင်းပါးမှာလုပ်နည်းလေ့လာပါ။ တမာဆီအသုံးပြုလည်းကောင်းပါတယ်။
ဆက်စပ်မေးခွန်းများ
သဘာဝ ပိုးကာကွယ်နည်းလေ သိချင်ပါတယ်
ဖြေကြားချက် 1 ခု
အသီးအားကောင်းပြီအသီးအရှည်မျိုးသိချင်လို့ပါဗျာ
ဖြေကြားချက် 2 ခု
အပင်တွေမှာဖြန်းတဲ့ organic ဖြန်းဆေး (သစ်ပေါင်းခံရည်) ပြုလုပ်နည်းလေး သိချင်ပါတယ် ပြောပြပေးပါ
ဖြေကြားချက် 3 ခု
သဘာဝပိုးသတ်ဆေး မှိုသတ်ဆေးများသိရင် ဖြေကြားစေခြင်ပါတယ် ခင်မျာ
ဖြေကြားချက် 7 ခု
ကြက်ချီးကို ဘယ်လို အသုံးပြုရပါသလဲ။ ဖွဲနဲ့ ရောထားတဲ့ ကြက်ချီးတွေကို ဒီအတိုင်းပဲထည့်ရမလား။ ဘာလုပ်ရဦးမလဲရှင်။ တ...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။