ဖြေရှင်း ကုသနည်း သိချင်ပါတယ်
ဆစ်ပိုးကျရင်လည်း စပါးပင်အဖျားခြောက်တဲ့ လက္ခဏာ ပြတတ်ပါတယ် အပေါ် က ညီမလေးပြောသလို ခြစ်စားတတ်တဲ့ လောက်ကောင် larvae ကျတာလည်းဖြစ်နိုင်ပါတယ်၊ အကောင်းဆုံး ကတော့ မိမိဒေသ တွင်းရှိ နီးစပ်ရာ ဆေးကုပ္မဏီ များမှဝန်ထမ်းများကို ကွင်းဆင်းစစ်ဆေး၍ အကြံညာဏ် များ တောင်းခံနိုင်ပါသည်။ ကွင်းဆင်း စစ်ဆေးရန် ခက်ခဲပါက ပင်လုံးပြန့် အာနိသင် ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုး အသုံးပြု ကာကွယ်နိုင်ပါသည်။ ပင်လုံးပြန့် အာနိသင်ရှိ ပိုးသတ်ဆေးသည် ခြစ်စားပိုး နှင့် ဆစ်ပိုး နှစ်မျိုးလုံး ကာကွယ်ရန် သင့်တော်ပါသည်
ငယ်ရွယ်တဲ့လောက်ကောင်တွေဟာ စပါးရွက်ပြားက တစ်ရှူးတွေကို ခြစ်စားပြီး အရွယ်ရောက် လောက်ကောင်တွေကတော့ စပါးအရွက်အနားသားတွေကို စားသောက်ပြီး ထစ်ရာတွေကို ဖြစ်စေပါတယ်။ မြေသြဇာအလွန်အကျွံကျွေးတဲ့ စပါးတွေဟာ ဒီဖျက်ပိုး ဖွံ့ဖြိုးကြီးထွားမှုကို အားပေးပါတယ်။ ထွားကောင်စိမ်းလက္ခဏာလို့ထင်ပါတယ်။
ဆက်စပ်မေးခွန်းများ
စပါးခင်းမှာ အရွက်တွေပြတ်ချနေပြီး အဲ့အရွက်ပြတ်ထဲမှာ ပိုးကောင်ရှိနေတာ ဘာပိုးလဲရှင့်။ ဘယ်လိုဖြေရှင်းရမလဲရှင့်။ အ...
ဖြေကြားချက် 3 ခု
စပါးကကြီးထွားမူ့မရှိဘူးဂုတ်ကြိုးရောဂါလာဗျ
ဖြေကြားချက် 1 ခု
ဆင်းသုခစပါး
ဖြေကြားချက် 3 ခု
ဘာပိုးလဲ ဘာဆေးဖျန်းရမလဲ
ဖြေကြားချက် 2 ခု
အသင့်သုံးအီးအမ်နဲ့စပါးခင်ထဲကပေါင်းတေကိုသတ်လို့ရလားဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။