အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
18,513
လွန်ခဲ့သော ၄ နှစ် က · ကျောက်တံခါး

ထည်ရေးပြင်ပီ EM အပြင်းဖျန်းလိုရလားဗျ ရရင်လဲ လီတာဘယ်လောက်ထည်ဖျန်းရမယ်ဆိုတာ သိတဲပညာရှင်များဖြေကြားပေးစေချင်ပါတယ်...

ထည်ရေးပြင်ပီ EM အပြင်းဖျန်းလိုရလားဗျ ရရင်လဲ လီတာဘယ်လောက်ထည်ဖျန်းရမယ်ဆိုတာ သိတဲပညာရှင်များဖြေကြားပေးစေချင်ပါတယ်အကောင်းအဆိုးလေးပါသိချင်ပါတယ် ဗျ

မြေဆီလွှာ ပဲတီစိမ်း အကျိုးပြုအဏုဇီဝ (အီးအမ်)
1

ဖြေကြားချက် ၁ ခု

270,769 လွန်ခဲ့သော ၄ နှစ် က

အီးအမ်အပြင်းကိုတော့အသုံးပြုလို့မရပါဘူး။ အသင့်သုံးအီးအမ်ဖျော်စပ်ပြီးမှ မြေမှာတိုက်ရိုက်အသုံးပြုရတာပါ။ အသင့်သုံးအီးအမ် ဖျော်စပ်ပုံအချိုးအစားက (EM3) အသင့်သုံးအီးအမ် EM2 အီးအမ်အပြင်း တစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရရာတစ်လီတာ၊ ရေသန့် ၂၀ လီတာ အားလုံးကိုရောပြီး အေး၍ခြောက်သွေ့သော နေရာ၊ နေရောင်တိုက်ရိုက် မထိတွေသောနေရာတွင် ၇ ရက်တစ်ပတ်ထားပါ။ ရက်ပြည့်လျှင် အသုံးပြုနိုင်ပါသည်။ (Em3) အသင့်သုံးအီးအမ်ကို မြေပြင်ချိန် အနံဆိုးများနှင့် မွေးမြူရေးခြံ များ၊ အော်ဂဲနစ် စိုက်ပျိုးရေးဆေးများ အသုံးပြုရာတွင် မူလဆေးအစွမ်းထက်ရန် ရောစပ်အသုံး ပြု နိုင်ပါသည်။ အကျိုးပြုအဏုဇီဝပိုးမွှား(EM) အဆင့်ဆင့်ပွားနည်းများ ဒီဆောင်းပါးထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ အသင့်သုံးအီးအမ်ကို တစ်ဧကမှာ လီတာ ၂၀ နှုန်းထားဖြင့်ထည့်နိုင်ပါတယ်။ အဲ့ ၂၀ ကိုရေရောရပါတယ် အီးအမ် တစ်စမှာ ရေ (၅၀၀-၁၀၀၀) အထိ ရောစပ်ဖြန်းပေးရပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။