ဖြေကြားချက် ၅ ခု
NPKကအပင်အတွက်အများဆုံးလိုအပ်တဲ့အာဟာရဓာတ်3မျိုးပါNကပင်ပိုင်းဆိုင်ရာကြီးထွားမှုကိုအားပေးပါတယ်Pကလိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုအားပေးတယ်Kကပိုးမွှားရောဂါဓံခံနိုင်တယ်ဒီ3မျိုးအပြင်အပင်ကအနည်းလိုအာဟာရဓာတ်လည်းလိုပါတယ်
ဥပမာ13ပတ်လည်ဆိုတာ နိုက်ထရိုဂျင်13 ဖော့စဖရပ်13 ပိုတက်ဆီယမ်13 တစ်နည်းအားဖြင့်NPK 13:13:13ပါ
ဟုတ်ကဲ့ နားလည်ပါပြီ စိတ်ရှည်ရှည်ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်
npk အချိုးပါတာကို ပြောတာပါ ဥပမာ ၁၃ ပတ်လည်မှာ N 13 p13 k13 ပါတယ် အကြမ်းအားဖြင့် N က အပင်ပိုင်းဆိုင်ရာ p က အသီးအစေ့အဆံဖြည့်တင်းမူ K က ရောဂါဒဏ်ခံနိုင်မူ အရသာ အပင်ရဲ့ အပေါ်လွှာတောင့်တင်းခိုင်မာမူ ဒါတွေအထောက်အပ့ံပေးတာပါ ၁၅ နဲ့ ၁၆ လည်း ဒီသဘောပါဘဲ
ချဉ်ပေါင်ရွက်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ခဝဲပင် 7ပင်စိုက်ထားတာ ကြွက်စားတာလား ခရုစားတာလား မသိဘူး အပင်တွေတစ်ပင်မှ မရှိတော့လို့ ဘယ်လိုပြုစုရမလဲ ဆိုတာလေ အ...
ဖြေကြားချက် 1 ခု
Fe (Iron) Deficiency ကို ဘယ်လို ဖြေရှင်းသင့်လဲ။ တခုတွေ့ဖူးတာ သံချောင်းရေစိမ်ပီး လောင်းတာတော့ တွေ့ဖူးတယ်။ အပင်...
ဖြေကြားချက် 1 ခု
nfs
ဖြေကြားချက် 1 ခု
အရွက်တွေဝါနေလို့ပါ ခင်ဗျာ။ ဖြေပေးပါဦးဆရာတို့ရေ။
ဖြေကြားချက် 2 ခု
ချဥ်ပေါင်ပင်မှာ အဲ့လိုပိုးကောင်တွေတွေ့လို့ ဘာပိုးကောင်လဲရှင့် သိသူများဖြေပေးကြပါရှင့် ဘယ်လိုဖြေရှင်းရမလဲရှင့်
ဖြေကြားချက် 5 ခု