အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၄ နှစ် က · မှော်ဘီ

ချဥ်ပေါင်ပင်မှာ အဲ့လိုပိုးကောင်တွေတွေ့လို့ ဘာပိုးကောင်လဲရှင့် သိသူများဖြေပေးကြပါရှင့် ဘယ်လိုဖြေရှင်းရမလဲရှင့်

ပိုးမွှားရောဂါ ချဉ်ပေါင်ရွက်
Post image

ဖြေကြားချက် ၅ ခု

260,000 လွန်ခဲ့သော ၄ နှစ် က

ကာကွယ်နှိမ်နင်းနည်းများ • အကောင်းဆုံး ကာကွယ်နှိမ်နင်းနည်းမှာ ကြိုတင်ကာကွယ်နှိမ်နင်းနည်းဖြစ်ပါသည်။ • အားနည်းသော အပင်များသည် ကျန်းမာသန်စွမ်းသော အပင်များထက် မီလီဂျပိုး ကျရောက်မှုဒဏ်ကို ပိုမိုခံရဖွယ်ရှိသောကြောင့် အပင်များကို ကျန်းမာသန်စွမ်းအောင် ပြုလုပ်ပေးထားရပါမည်။ • သို့သော်လည်း ရေများအလွန်အကျွံပေးခြင်း၊ နိုက်ထရိုဂျင်မြေသြဇာများ အလွန်အကျွံ ပေးခြင်းကိုလည်း ရှောင်ရှားရပါမည်။ • အပင်များပေါ်တွင် မီလီဂျပိုးများကျရောက်နေသည်ကို စတွေ့လျှင် ကျရောက်နေသော အကိုင်းများကို ဖယ်ရှာပြီး မီးရှို့ဖျက်စီးပစ်ရပါမည်။ • စိုက်ခင်းအနီးပတ်ဝန်းကျင်တွင် မြက်ခြောက်၊ အမှိုက်ခြောက်၊ သစ်ကိုင်းခြောက် များကို လေတင်ဘက်က မီးရှို့၍ မီးခိုးမှိုင်းတိုက်ပေးနိုင်ပါသည်။ • ဘော်ဒိုဆေးရည်ကို အသီး၊ အပွင့်မရှိချိန် ကိုင်းများတစ်လျှောက် သုတ်လိမ်း၍ ကာကွယ် နိုင်ပါသည်။ စိုက်ခင်းနေရာအနှံ့ ထုံးမှုန့်များ ဖြူးထားပေးပါ။ • တမာပိုးသတ်ဆေးများကို အကောင်များစတွေ့တွေ့ချင်းဖျန်းပေးနိုင်ပါသည်။ ဓာတုပိုး သတ်ဆေးများကို လိုအပ်မှသာ အသုံးပြုပေးသင့်ပါသည်။ အဆင်ပြေပါစေ။

260,000 လွန်ခဲ့သော ၄ နှစ် က

မီလီဂျပိုး ခေါ် ပိုး​စေးနှဲပါခင်ဗျာ။ ယခု တွေ့မြင်နေရသော မီလီဂျပိုးများသည် အမများ ဖြစ်ပါသည်။ မီလီဂျပိုးအထီးများကို အပင်များပေါ်တွင် တွေ့ရသည်မှာ ရှားပါသည်။ အထီးများသည် တောင်ပံပါရှိပါသည်။ မီလီဂျပိုးအမများသည် အထီးများနှင့် မိတ်လိုက်ပြီး သောအခါတွင် အရွက်အောက်မျက်နှာပြင်များ၊ သစ်ကိုင်းခွကြားများ၊ အညွှန့်၊ အဖူးများ ပေါ်တွင် ဥများဥချခဲ့ပါသည်။ အမတစ်ကောင်သည် ဥပေါင်း ၃၀၀ မှ ၆၀၀အထိ ဥနိုင်ပါသည်။ ထိုဥလေးများသည် ဆယ်ရက်ခန့်အကြာတွင် ဥမှ အကောင်ပေါက်လာပြီး ထိုအကောင်လေး များသည် ပင်ရည်ကို စုပ်ယူစားသုံးပါသည်။ ထို့နောက်ပိုးတုံးလုံးအဆင့်သို့ရောက်သောအခါ အခြားအပင်များသို့ ကူးပြောင်း၍ ကျရောက်ဖျက်စီးးပါသည်။ ထို့နောက် ၄-၈ ပတ်ကြာသောအခါ အကောင်ကြီးဘဝသို့ ရောက်ရှိသွားပါသည်။

406 လွန်ခဲ့သော ၄ နှစ် က

စုပျစားပိုးမြိုးစားဖွဈတယျ

406 လွန်ခဲ့သော ၄ နှစ် က

လေး ပိုးဖွဈပါတယျ

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၄ နှစ် က

ပိုး​စေးနှဲလို့​ခေါ်ပါတယ် ပင်စည်နဲ့ ရိုးတံ အဆုံ ခွကြားထဲမှာ​နေပြီး သစ်ရည်စုပ်ပါတယ်၊ အညွန့်​တွေ အရွက်နု​တွေကုပ်တွန့်​စေပါတယ်။ ပန်းကန်​ဆေးဆပ်ပြာ ​ရေတဂါလံ တဇွန်း​ဖျော်ပြီး.ဖျန်း​ပေးပါ။ နည်းရင်​တော့ လက်နဲ့ဖယ်ပြီး​​ရေနဲ့ ဖျန်း​ဆေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။